"တနှာရူး အဲ့ဒါမင်းကြောင့်..""ဘာလို့ငါ့ကြောင့်ဖြစ်ရမှာလည်း.
မင်းသာယောကျာ်းလေးဖြစ်ပြီးမစွာရင်.
.ခုလိုဘောလုံးကွင်းကိုပတ်ပြေးနေရမှာမဟုတ်ဘူး.."ဘောလုံးကွင်းကို၅ပတ် ပတ်ပြေးနေရသည့်
နှစ်ယောက်ကခုမှ၃ပတ်တောင်မပြည့်သေး
.ရန်ကဖြစ်နေကြသည်
..ရိုးရာမပြတ်တမ်းကျောင်းနောက်ကျတာမို့
ရတဲ့အပေါက်ကနေ တိုးကြိတ်ဝင်ရတာ.
.ကျောင်းဝန်းထဲလည်းရောက်ရော.
.အမြဲတမ်းတိုက်ဆိုက်နေတဲ့သူတို့က
ဒီတစ်ခါမှာလည်း.တွေ့ကြရင်း
ကျောင်းထဲမဝင်ခင်ရန်ဖြစ်ကြသည်.
အဲ့ဒါကိုအားကစားဆရာက ဘယ်လိုမြင်သွားမှန်းမသိ
..တုတ်တချောင်းနဲ့ပြေးလာတာ
.မသိရင်မုန့်အလကားဝေနေတဲ့အတိုင်း.
အားကိုးရတဲ့သူငယ်ချင်းတွေကတော့ ပြေးသွားတာလှစ်ခနဲ
နောက်ဆုံးတော့သူတို့နှစ်ယောက်ပဲ
ဘောဘုံးကွင်းကိုပတ်ပြေးရသည်.."တော်.တော်ပြီငါမရတော့ဘူး..မပြေးနိုင်တော့ဘူး.."
ခြေထောက်တွေမပြေးနိုင်တော့တာမို့
ရှောင်းကျန့်မှာရောက်တဲ့နေရာမှာတင်
ပတ်လက်လှန်ချလိုက်သည်"ဟေ့ကောင်.ရှောင်းကျန့်ထစမ်းပါ.
မင်းလုပ်တာနဲ့အပတ်ရေထပ်တိုးနေဦးမယ်.."ရိပေါ်လည်းထပ်မပြေးနိုင်တော့တာမို့
.ခဏနားရင်းနဲ့ပပ်လက်လန်နေသည့်ယုန်ဖြူကို
ခြေထောက်နဲ့ကန်ရင်းထခိုင်းရသည်
တော်ကြာနေ အားကစားဆရာတွေ့သွားမှဖြင့်
အပတ်ရေထပ်တိုးနေဦးမယ်"မထဘူး..ငါမောနေပါပြီဆို..မင်းဘာသာပြေး."
"ထဆိုကွာ..ဟေ့ကောင်ထဆို.."
မျက်လုံးပါမှိတ်နေသည့်ယုန်ဖြူက ထဖို့အစီစဉ်မရှိ.
ဘယ်လိုပဲခြေထောက်နဲ့ကန်ကန်ထမလာခဲ့"ဟေ့ကောင်.မင်းယောကျာ်းမဟုတ်ဘူးလား.ထစမ်း..."
"အဲ့ဒါမင်းစောက်ပူပါလို့လား...ကိုယ့်ဘာသာပြေးလေ.."
YOU ARE READING
ခါးသက်သည်ဟုထင်ရသော အချစ်ချိုချို(complete)
Fanfictionမင်းအရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ်ရိပေါ် ••ရှောင်းကျန့်•• ငါကတော့ အဲ့လိုမထင်ဘူးရှောင်းကျန့် ချစ်တဲ့နေရာမှာတစ်ကိုယ်ကောင်းဆန်တယ်ဆိုတာမရှိဘူး ••ဝမ်ရိပေါ်•• မင်းအရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ်ရိပေါ် ••ရှောင်းကျန့်•• ငါ...