"နောက်ဆုံးတော့လွတ်ပြီဟေ့..!!"
လက်နှစ်ဖက်ကိုဆန့်တန့်ရင်း
အော်လိုက်သည့်ရှင်းချန် ဒီနေ့ကကျောင်းဆင်းပွဲနေ့
..အရာအားလုံးပြီးသတ်သွားသည့်အချိန်မှာ
သူတို့ငါးယောက်လုံးအေးဆေးနေနိုင်မဲ့.
.ဆိုင်ကယ်ကွင်းဘက်ရောက်နေခြင်း..ရွှယ်ယမ်နဲ့ရှင်းချန်က တစ်ယောက်တစ်စီးစီးသလို.
.ကျိုးချန်ကလည်း တစ်ယောက်တည်းတစီး
ရှောင်းကျန့်ကတော့ ရိပေါ်ရဲ့
ဆိုင်ကယ်ပေါ်မှာ ထိုင်နေသည်"ငါကတော့ ငါ့အဖေစီမှာအလုပ်ဝင်ရမယ်
..ကျောင်းပြီးတာနဲ့ အဖေကသူ့အလုပ်ကို
လုပ်ရမယ်တဲ့လေ...."လက်မှိုင်ချရင်းပြောလာသည့်ရွှယ်ယမ်.
.ရှင်းချန်ကတော့.
ရွှယ်ယမ်ပခုံးကိုပုတ်ပြီးနှစ်သိမ့်နေသည်.
.ဒီနေ့ကျောင်းသားဘဝနောက်ဆူံး
..ပြီးတော့အားလုံးအလုပ်ကိုယ်စီဝင်ကြရတော့မယ်.."ဒါပေမဲ့.ငါပျော်တယ်သိလား.
.ငါအလုပ်မှာအဆင်ပြေပြီဆို..
မင်းကိုလိုက်တောင်းပေးမယ်တဲ့ရှင်းချန်.."အနားကရှင်းချန်ရဲ့ပါးနှစ်ဖက်ကို
ဆွဲညှစ်ရင်းပြောလာတဲ့ရွှယ်ယမ်
..ရှင်းချန်ကတော့ တကယ်လားဆိုပြီးပျော်ရွှင်နေကြသည်
ကျိုးချန်တို့ဆို ဖိတ်စာတောင်ရိုက်ပြီးနေကြပြီ..
ရိပေါ်တို့ကတော့ ပျော်နေတဲ့
သူတို့ကိုသာကြည့်နေကြသည်"ရှောင်းလေး မင်းတို့ရော လက်မထက်သေးဘူးလား
..ခုမှကျောင်းပြီးတယ်ဆိုပေမဲ့..
ငါတို့အသက်က၂၄ကျော်နေကြပြီလေ...""အေး ဟုတ်သားပဲ
..စောစောယူတော့ စောစောအိုရတာပေါ့."ကျိုးချန်ရဲ့စကားကို ရွှယ်ယမ်က
ရွှတ်နောက်နောက်ဝင်ပြောသည်
..ပြီးတော့ သုံးယောက်လုံးကအဖြေကိုသိချင်နေကြပုံ.."ငါတို့ကတော့စောသေးတယ်ထင်တယ်.
.လက်မထက်သေးဘူး.."
YOU ARE READING
ခါးသက်သည်ဟုထင်ရသော အချစ်ချိုချို(complete)
Fanfictionမင်းအရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ်ရိပေါ် ••ရှောင်းကျန့်•• ငါကတော့ အဲ့လိုမထင်ဘူးရှောင်းကျန့် ချစ်တဲ့နေရာမှာတစ်ကိုယ်ကောင်းဆန်တယ်ဆိုတာမရှိဘူး ••ဝမ်ရိပေါ်•• မင်းအရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ်ရိပေါ် ••ရှောင်းကျန့်•• ငါ...