part20⛅

6.6K 530 21
                                    


"မင်းတို့နှစ်​​ယောက်​.ဘားကိုဘာလို့မလာတာလည်း
..ပြီး​တော့ဖုန်းဆက်​တာလည်းတစ်​​ယောက်​မှမကိုင်​ဘူး.."

ကန်တင်း​​မှာစု​ဝေး​နေတဲ့လူငါးဦး..
စာ​မေးပွဲပြီးလို့..​ပျော်​ကြမယ်​ဆိုပြီး
ချိန်းထားတာကို.ဟိုနှစ်​​ယောက်​က​ရောက်​မလာ​တော့
..အကုန်​လုံးကသိပ်​မ​ကျေနပ်​ချင်

"အဲ့လိုမဟုတ်​ပါဘူး.
.ငါတို့အိမ်​​ရောက်​​တော့ ​ရေချိုးတယ်​​လေ
.ပြီေးတာ့ခဏတဖြုတ်​တုံးလုံးလဲရင်းနဲ့
အိပ်​​ပျော်​သွားတာ..ဖုန်းကလည်းလွယ်​အိတ်​ထဲမှာ
silent ဖြစ်​​နေတယ်​ အဲ့ဒါ​ကြောင့်​ပါ.."

မျက်​နှာ​တွေဆူပုတ်​​နေကြတဲ့
သူငယ်​ချင်းသုံး​ယောက်​ကို..​ရှောင်းကျန့်​ကပဲ
ဝင်​​ဖြေရှင်းရသည်​..
ဝမ်​ရိ​ပေါ်က​တော့မျက်​နှာကြီးတည်​ပြီးထိုင်​​နေသည်​​လေ..

"ထားလိုက်​ပါ​တော့ ပြီးသွားပြီပဲ.
.ဒါ​ပေမဲ့ဒီတမနက်​လုံးမင်းတို့နှစ်​​ယောက်​က
ဘာဖြစ်​​နေတာလည်း..စကားလည်းမ​ပြောဘူး
...ငြိမ်​​နေကြတာ.."

"ဟုတ်​တယ်​..အဲ့ဒါ​တော့ ငါလည်းသတိထားမိတယ်
..အရင်​ပဆို ရန်​ဖြစ်​ရင်​ဖြစ်​မဟုတ်​ရင်​.
.တည့်​​နေတာပဲ​လေ.
.ခုကျ​တော့ စကား​တောင်​မ​ပြောကြဘူး.."

"ရိ​ပေါ်နဲ့ ရန်​ဖြစ်​ထားတာလား​ရှောင်း​လေး.."

တစ်​​ယောက်​တခွန်းနဲ့ဝင်​​မေးကြတဲ့သုံး​ယောက်​ကို
..​ရှောင်းကျမ့်​ဘယ်​လို​ဖြေရမှန်းမသိ.
.ညကတည်းကရိ​ပေါ်က
သူ့ကိုချစ်​တယ်​​ပြောပြီး။ငြိမ်​သပ်​​နေတာ

..တကယ်​ဆိုအ​ဖြေ​တောင်းရမယ်​မလား.
.သူကျ​တော့​ပြောချင်​ရာ​ပြောသွားပြီး..
အ​​ဖြေပြန်​မ​ပေးရတဲ့သူက ရင်​ထဲမှာစို့​နေတာ​ပေါ့..

"အင်​..အင်း.မနက်​ကအိပ်​ရာအ​စောကြီးထ​တော့
ငါတို့​ခေါင်းသိပ်​မကြည်​ဘူးဖြစ်​​နေတာ
..ဟုတ်​တယ်​​နော်​ရိ​ပေါ်..."

ဘေးနားမှာထိုင်​​နေတဲ့ရိ​ပေါ်ကိုပါ
တ​​တောင်​နဲ့တွတ်​လိုက်​ရသည်​...
တရားခံစစ်​စစ်​​နေတဲ့..သုံး​ယောက်​က​တော့
မျက်​လုံး​တွေ​မှေးစင်းပြီး
..အ​ဖြေကိုအသည်းသန်​လိုချင်​​နေကြပုံ

ခါးသက်​သည်​ဟုထင်​ရ​သော အချစ်​ချိုချို(complete) Where stories live. Discover now