"ငြိမ်ငြိမ်နေစမ်းရိပေါ်.."
အနောက်ကနေ အတင်းဖက်ထားတဲ့ရိပေါ်ကို
တတောင်နဲ့လှမ်းတွတ်ရင်းရှောင်းကျန့်ပြောမိသည်
...ညနေကပြန်တော့မယ်လုပ်ခါမှ.
.ခုပဲသေတော့မလိုဖြစ်သွားတဲ့ရိပေါ်.
.စိတ်သဘောထားနူးညံ့လှတဲ့သူက
ထိုအကောင်နဲ့တညအိပ်ဖို့သဘောတူလိုက်ရသည်..တခြားခန်းတွေရှိတာကို ဝမ်ပါးကသော့ခတ်သွားလို့
သူနဲ့တူတူအိပ်ရမယ်တဲ့.
.ခုတော့ လူ၅ယောက်လောက်ဆံ့တဲ့မွေ့ရာကြီးရဲ့
အလည်တည့်တည့်မှာ ရှောင်းကျန့်က
ရိပေါ်ကိုကျောပေးလျက်သားလေးနဲ့ ရိပေါ်ရင်ခွင်ထဲမှာ.
.
မဖက်နဲ့လို့ပြောရင်လည်း
.*.ယောကျာ်းချင်းပဲမင်းကငါ့ကိုရင်ခုန်နေလို့လားတဲ့*
အဲ့တော့ ရိပေါ်ရင်ခွင်ထဲမှာ.သေးကျုံ့လို့"ငါနဲ့..သူငယ်ချင်းမဖြစ်ချင်ဘူးလားရှောင်းကျန့်.."
တိတ်ဆိတ်သွားပြီးမှ ထွက်လာတဲ့ရိပေါ်ရဲ့အသံ.
.ရှောင်းကျန့်ပြန်မဖြေမိ"ငါ့ကိုဘာလို့သူငယ်ချင်းမတော်ချင်တာလည်း.
.ပြီးတော့.ဟိုလူကမင်းနဲ့ဘယ်လိုပတ်သက်တာလည်း..""ငါ့ကိုပြန်ဖြေဦးလေ.ရှောင်းကျန့်..
ငါမင်းနဲ့သူငယ်ချင်းဖြစ်ချင်တာ..
မင်းရဲ့နားမှာအဲ့လူရှိနေတာကိုသဘောမကျဘူး.."ရိပေါ်ကသာစကားတွေပြောနေပေမဲ့
အဖြေဆိုတာပြန်မလာခဲ့..
.မသိမသာလေးခေါင်းထောင်ကြည့်တော့
အသက်ရှူသံတိုးတိုးလေးနဲ့အိပ်ပျော်နေတဲ့သူ့ရဲ့ယုန်ဖြူ"ကောင်းသောညပါ ယုန်ဖြူ..."
နဖူးပေါ်ကို.ရောက်လာတဲ့အနမ်နွေးနွေးကြောင့်
ရှောင်းကျန့်ကိုယ်လေးမှာလှုပ်ချင်ပေမဲ့ မလှုပ်ရဲ
..ရိပေါ်ပြောတာတွေသူအကုန်ကြားရပါသည်.
...ဒါပေမဲ့သူလိုချင်နေတဲ့အဖြေမဟုတ်သေး.
.တကယ်ဆို ငါမင်းကိုချစ်လို့
တခြားယောကျာ်းတစ်ယောက်နဲ့
ပတ်သက်တယ်ဆိုတဲ့စကားကိုပြောရမှာမလား..
BẠN ĐANG ĐỌC
ခါးသက်သည်ဟုထင်ရသော အချစ်ချိုချို(complete)
Fanfictionမင်းအရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ်ရိပေါ် ••ရှောင်းကျန့်•• ငါကတော့ အဲ့လိုမထင်ဘူးရှောင်းကျန့် ချစ်တဲ့နေရာမှာတစ်ကိုယ်ကောင်းဆန်တယ်ဆိုတာမရှိဘူး ••ဝမ်ရိပေါ်•• မင်းအရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ်ရိပေါ် ••ရှောင်းကျန့်•• ငါ...