part10⛅

7.3K 605 15
                                    

ဆရာမလာတာမို့.​ကျောင်းသားတို့သဘာဝအရ.
.​စာသင်​ခန်းမှာဆူညံ​နေကြသည်
..ကျိုးချန်​ကလည်းသူ့ချစ်​သူနဲ့
.ဖုန်း​ပြော​နေတာမို့ ​ရှောင်းကျန့်​မှာတစ်​​ယောက်​တည်း
..အရင်​​ကျောင်း​တွေမှာဆို..
ဒီလိုချိန်​မျိုးရန်​​ပွဲ​တွေရှိ​နေတတ်​လို့မပျင်းရ.
ဒါ​ပေမဲ့ ဒီ​နေ့မှာသူအထူးတလည်​ပျင်းရိ​နေသည်​.
.မလိမ်​ညာ​ကြေးဆို.မနက်​ကတည်းက
ရိ​ပေါ်ကိုမ​တွေ့ရလို့.စိတ်​ထဲမှာ
တစ်​ခုခုလိုအပ်​​နေခြင်းဖြစ်​သည်​..
အမြဲတမ်းစိတ်​အ​​နှောင့်​ယှက်​​ပေးတတ်​တဲ့ရိ​ပေါ်ကို
ဒီ​နေ့မ​တွေ့ရ
သူ့သူငယ်​ချင်းနှစ်​​ယောက်​ကိုသာ​တွေ့ရသည်​..

ရိ​ပေါ်.ဘာလို့​ကျောင်းမလာလည်း
.​ရှောင်းကျန့်​သိချင်​သည်
မထူးတာမို့.ဖုန်းတလုံးနဲ့တစ်​တစ်​တူး​နေတဲ့
ရွှယ်​ယမ်​တို့အတွဲဆီ​လျှောက်​သွားမိတယ်​..

"အယ်​.​ရှောင်းကျန့်​..ကိစ္စရှိလို့လား "

ဝမ်​ရိ​ပေါ်လိုမျိုးမာနအိုး​ရှောင်းကျန့်
သူတို့​ရှေ့​ရောက်​လာတာမို့ ရွှယ်​ယမ်​​မေးမိသည်

"အင်​..အင်း..ဟို.မင်းတို့သူငယ်​ချင်းဝမ်​ရိ​ပေါ်ကို
ဒီ​နေ့မ​တွေ့လို့.:."

မျက်​လုံး​လေး​ထောင့်​ကပ်​ပြီး.​ရှောင်းကျန့်​က
ချောတယ်​ဆိုတာထက်​ချစ်​ဖို့​ကောင်း​နေသည်
မတ်​တပ်​အ​နေထားဖို့ဖိနပ်​​ထိပ်​ကိုလည်း
ခုံ​ခြေ​ထောက်​နဲ့ တထိထိထိုး​နေ​သေးတာ

"​သြော်​.ရိ​ပေါ်လား.
.မ​နေ့က​ကျောင်းကအပြန်​.​ရေချိုးတာ.
အဲ့ဒါဖျားသွားတယ်​..အ​ပေါ်က​ကျောင်းဝတ်​စုံတစ်​ထပ်​တည်းနဲ့ဆို​တော့..ဆိုင်​ကယ်​နဲ့ပြန်​တဲ့သူက
အ​အေးပတ်​သွားတယ်​​လေ.."

ရှင်းချန်​ရဲ့အ​ပြောကို..ရွှယ်ယမ်​ကလည်
း​ခေါင်းတငြိမ့်​ငြိမ့်​​ထောက်​ခံ​နေသည်​.
.​ရှောင်းကျန့်​က​တော့.ရိ​ပေါ်​နေမ​ကောင်းဘူးဆိုတာ​ကြောင့်
.အနည်းငယ်​​တော့အ​တွေးတချို့ဝင်​မိသည်

..မ​နေ့ကသူတို့နှစ်​​ယောက်​ရန်​ဖြစ်​ရင်း.
.အိမ်​ပြန်​​နောက်​ကျတယ်
သူက​တော့အကိုရန်​စစ်​လာကြိုတဲ့ကား​ပေါ်မှာ
.ရိ​ပေါ်က​တော့ည​နေ​စောင်းကြီးဆိုင်​ကယ်​နဲ့ပြန်​တာ

ခါးသက်​သည်​ဟုထင်​ရ​သော အချစ်​ချိုချို(complete) Where stories live. Discover now