Chapter (2)

8.9K 1K 60
                                    

Love Delieverer
****************

"ကျန်းချန် မင်းကလဲကွာ..နော်လို့ အဲ့ကောင်လေးက ဘယ်သူလဲ? နာမည်နဲ့လိပ်စာ တစ်ခါတည်းပြောပြ မသိဘူးလို့တော့ မပြောနဲ့နော် မင်းဝန်ထမ်းအကြောင်းကို ကျိန်းသေ မင်းသိရမယ်.."

ပြောနေပုံက ချည်ပြီး တုပ်ပြီးဖြစ်နေတာမို့ ရိုက်ပြီး ချက်စားရန်သာ ကျန်တော့သည်။
Fa ကောင်တွေနှာဘူးထပြီဆိုရင် ခုလိုပဲဆေးမတိုးတော့ဘူး..။

ဆိုင်ပိတ်ခါနီးပြီ ဖြစ်သလို အပြင်မှာလဲလတစ်ခြမ်းပဲ့ဟာ ကောင်းကင်မှာ လှလှပပနေရရာယူလျက်ရှိနေပြီ၊ ကျန်းချန်မှာ Counter မှထရင်း အတွင်းခန်းထဲသို့ ဝင်ခဲ့လိုက်သည်။

အရှေ့မှာဆိုင်ဖွင့်ထားပေမယ့် ထိုဆိုင်အနောက်မှာတော့ ကြီးမားသော နှစ်ထပ်တိုက်ကြီးရှိနေတာမို့..

"ကျန်းချန်...
ကျန်းချန်..နော်..နော်လို့.."

ရှောင်းကျန့်မှာ ပတွတ်ပတွတ် ရေရွတ်ရင်း ကျန်းချန်နောက်ကို အမြန်လိုက်ရပြန်သည်။ ဒီကောင်ကဘာလား? အရင်ကတော့ ရည်းစားထားပါ အိမ်ထောင်ပြုပါလို့ တိုက်တွန်းနေပြီတော့..ခုအကူအညီတောင်းမှ ဘာအချိုးလဲ?

နှုစ်ယောက်သား လမ်းလျှောက်လာလိုက်တာ ဧည့်ခန်းထဲတောင် ရောက်လာပြီ။ ထိုအခါမှ ကျန်းချန်အသံက မထွက်ချင်ထွက်ချင်နှင့်..

"သူ့နာမည်က Oမ်ရိပေါ်၊ ဝမ်ချင် ရဲ့မောင်လေး မကြာခင်ငါ့ယောက်ဖဖြစ်မယ့်သူ.."

"အမ်!"

ရှောင်းကျန့်မျက်နှာက လေဖြတ်သလို ဖြစ်သွားကာ အာတွေပါရွဲ့စောင်းကုန်သည်။ အဲ့တော့ ကိုယ်က ကျန်းချန်နဲ့သူငယ်ချင်းတောင် မဟုတ်ဘူး မယားညီအစ်ကို၊ အာ မဟုတ်သေးဘူး လင်ညီအစ်ကို အာ မသိတော့ဘူး ၊အဲ့လိုတော်ရတော့မှာပေါ့...။

"သူက အဖြောင့်နော် ဟိုတလောကတောင်မှ ကောင်မလေးနဲ့ ရုပ်ရှင်သွားကြည့်သေးတယ်.."

"အောင်မာ ငါကလဲ Straight စစ်စစ်ပါကွ၊ သူဖြောင့်နေလဲ အကြောင်းမရှိဘူး၊ ငါက ကွေးအောင် လုပ်ပေးမှာမို့လို့ မင်းကမသိချင်ယောင်ဆောင်နေပေး.."

"Ya!  မင်းတော်တော်ဖြစ်နေပါလား?"

"A...တော်တော်ဖြစ်နေလို့ ငါတို့နှစ်ယောက်တွေ့ဖို့ ဂွင်ဖန်ပေး.."

"Love Deliverer "[[ COMPLETED ]]✔Where stories live. Discover now