Love Deliverer
****************"မရဘူး Brown ရောင်ပဲဝတ်မှာ.."
"ပေါက်စကလဲ Navy ရောင်ဝတ်မယ်လေကွာ.."
"ဝတ်ေပါ့ ၊ ကန့်ကွက်မိလို့လား? ကိုယ်ကြိုက်တာ ကိုယ်ဝတ်တာပဲ.."
အခြေအနေဟာ ဆိုရင်ဖြင့် ပွဲတတ်ဝတ်စုံရွေးရင်း ထသတ်တော့ အနေအထားပင်..။ ဒါပေမယ့် ကျိန်းသေ ရန်မဖြစ်ဘူးလေ..၊ ရှောင်းကျန့်တို့က သူ့ယောကျာ်းပေါက်စကို အလျော့ပေးပြီးသား ဖြစ်တာမို့..
"Ok!! ပေါက်စလေး သဘော၊ Brown ရောင် Suit Couple ယူလိုက်မယ်နော်.."
ရိပေါ့်နှုတ်ခမ်းပါးတို့က အနည်းငယ်ကော့ညွှတ်သွားပြီး လက်ညှိုးလက်မကို ယှက်ကာ ယုန်လူသားအား Heart Sign လုပ်ပြလိုက်သည်..။
ဒီအတိုင်းနေရင်တောင် ရှောင်းကျန့်တို့က ဆွဲဆောင်တယ်လို့ မြင်နေတာ၊ ခုလိုအူယားစဖွယ် လုပ်ပြတော့ ညီလေးက ခေါင်းထောင်ချင်လာသည်..၊ ဟင်း အာရုံလွှဲထားမှ ဒီနေရာမှာတော့ မဖြစ်ဘူးလေ..။
"Sean ရှောင်း.."
"ဟင်..!!!.."
နောက်ပါးဆီက ထွက်လာတယ့် ခပ်ညုညုအသံကြောင့် ရိပေါ့်ကျောက မတ်ခနဲဖြစ်သည် ..၊ မျက်နှာကို လှည့်မကြည့်နိုင်သေး..မိမိနောက်ဘက်မှာ ရပ်နေသော ထိုမိန်းမကို ကြည့်နေတယ့် ယုန်လူသားမျက်ဝန်းများကို ဆန်းစစ်ကြည့်တော့...
အရမ်းကိုပျော်နေသလိုပဲ..၊
မျက်ဝန်းတွေကို တစ်လက်လက် တောက်လို့ပါလား? အဲ့ဟာမကို ဘယ်သူမို့လို့လဲ?ကျစ်!!
သူ သဝန်တိုသလို ကိုယ်လဲသဝန်တိုတတ်တယ်..၊ အဲ့လိုပြုံးဖြဲနေတယ့်မျက်နှာကြီးကို မုန်းလိုက်တာ..၊ အဝတ်လဲခန်းထဲ အတင်းဆွဲခေါ်ပြီး မြင်တတ်စီးလိုက်ရရင်ဖြင့်..၊"နင့်ကို စင်ကာပူမှာလို့ ထင်နေတာ.. ဘယ်တုန်းက ပြန်ရောက်တာလဲ?"
"၂ လ ကျော်ပြီဟ!.. ဒါနဲ့ကျန်းချန် မဂ်လာဆောင်တော့မှာလေ.."
"ဟယ်..ဟုတ်လား..?
ငါတောင်မသိဘူး...."ရိုးရိုးသားသား စကားတွေပေမယ့် မိမိကိုဥပေက္ခာပြုပြီး မိတ်မဆတ်ပေးတာမို့..ရိပေါ်မှာ နဂါးမှန်းသိအောင် အမောက်ထောင်ပြချင်လာသည်..။ထို့ကြောင့် ကြက်ဆူဆီအဖေ လေသံနှင့်..
BINABASA MO ANG
"Love Deliverer "[[ COMPLETED ]]✔
Short Story[ ZhanYi ] ❤ ကြက်ကြော်ပို့တဲ့ ကောင်လေးကိုရော မရောင်းဘူးလား? ကြေးကြီးကြီးပေးပါ့မယ်၊ မနစ်နာစေရပါဘူး..။ ကမ်းလှမ်းချက်ကို ငြင်းပယ်ရင်တော့...အဟင်း❤ 💚[[ ငြင်းပယ်ရင် ခင်ဗျားကဘာလုပ်မှာလဲ? ]]💚 ❤သတ္တိရှိရင် ငြင်းကြည့်လိုက်လေ..❤ 💚 လာစမ်းပါ ဆိုင်ကယ်နဲ့ တိုက...