Chapter (4)

7.9K 976 28
                                    

Love Deliverer
***************

နှင်းဆီးပန်းစည်းကြီးက လမ်းမပေါ်သို့ ပစ်ပေါက်ခံလိုက်ရသည်..။ မာကျူရီ မီးရောင်အောက်မှာ သူတို့နှစ်ယောက် အဖြစ်က Romantic ဆန်မနေဘူး..။

လမ်းမှာလူရှင်းနေလို့ တော်သေးတယ်..။ မဟုတ်ရင် Cool Guys လေးရဲ့ဒေါသထွက်နေပုံကို လူတွေ ဝိုင်းကြည့်နေကြမှာ..။ ဟင်း..ဒင်းလေး ဆိုးပုံက ဆွဲဆောင်မှုရှိလိုက်တာ...

ရှောင်းကျန့်မှာ ဒေါသအိုးလေးကို ကြည့်ပြီး ကြက်သီးတွေတောင် ဖျန်းခနဲ..၊ တော်ကြာသူနဲ့ကိုယ်နဲ့ ယူပြီးရင် ခုလိုကိုင်ပေါက်ပစ်မလားမသိဘူး? ဒီအချိန်မှာ ဒါမျိုးတွေးနိုင်တယ်လို့ မလှောင်ကြပါနဲ့..။

ကျွန်တော်က ခုချိန်ထိ နယ်လှည့်ပြီး ခရီးသွားနေတာ၊ ဘယ်သူ့ကိုမှလဲ မချစ်ဖူးဘူး..၊ ဒီကောင်လေးကိုတော့ ရအောင်ယူမှာမို့ သူဘာလုပ်လုပ် အကောင်း မြင်နေမိမှာပဲ..။ထို့ကြောင့်...မျက်နှာငယ်လေးနဲ့

"ရိပေါ် ဘာဖြစ်လို့လဲဟင်!!
နှင်းဆီပန်းက ၉၉၉ ပွင့်မပြည့်လို့လား?"

"ဘာ!!!"

ဒေါသထွက် နေပါတယ်ဆိုမှ အဲ့လိုမေးတော့ပိုဆိုးတယ်..၊ မျက်နှာလေးက ရိုးပိုးရိုးလက်နဲ့ သူက ဘာဖြစ်ချင်နေတာတုန်း..?

ရှောင်းကျန့် မှာ ပြူးတူးပြာတာနှင့်....

"ဒါမှမဟုတ်..အရောင်မကြိုက်လို့လား? ပြော..ရိပေါ်က ဘာအရောင်ကြိုက်တာလဲ"

အသက်ကြီးပြီး အချိန်မစီးသော အူတူတူကောင်ကို ဆတ်ခနဲ လှမ်းဆွဲလိုက်ကာ လမ်းမီးတိုင်မှာ ကပ်ထားရင်း..

"ရှောင်းကျန့် ...
ကျွန်တော့်ကို မနှောင့်ယှက်လို့ရမလား..?"

နာကျင်သွားသော ကျောပြင်ကို ဥပေက္ခာပြုကာ ရှောင်းကျန့်မှာ ဟက်ခနဲရယ်သည်..။ရိပေါ့် နဖူးပေါ်ဝဲကျနေတယ့် ကွက်ကြိုကွက်ကျား ဆံပင်ပြာလေးကို တို့ထိလိုက်တော့ ဟိုက ဆတ်ဆတ်ခါသည်..။

။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
"Love Deliverer "[[ COMPLETED ]]✔Where stories live. Discover now