Chapter (3)

8.1K 976 15
                                    

Love Deliverer
***************

"ဗျို့..အိမ်ရှင်တို့ ကြက်ကြော်လာပို့တာပါ"

ဝမ်ရိပေါ် တစ်ယောက် သိပ်စိတ်မရှည်ချင်တော့ဘူး ၊ကိုယ်က Delivery သမားမို့လူမျိုးစုံနဲ့ တွေ့ရသည်။ ခုလဲကြည့် အိမ်တံခါးကို ဖွင့်ထားတယ့်အပြင် အခန်းထဲမှာ ဆူညံပွတ်လော ရိုက်နေသေးသည်..။ မသိရင် Club ရောက်နေတယ့် အတိုင်းပဲ..။

"ဒီမှာ အထဲကလူရေ မကြားတာလား? နားကန်းနေတာလား? ဒီအခန်းနံပါတ်ကို မှတ်ထားလိုက်ပြီနော် ခုလိုပုံမျိုးနဲ့ နောက်တစ်ခါ ကျွန်တော်တို့ဆိုင်က ဘာ့မှမှာလို့မရတော့ဘူးမှတ်..."

ဟုတ်တယ်..Customer is Right ဆိုပြီးသည်းခံတာကြာနေပြီ ခုတော့ သည်းမခံနိုင်တော့ဘူး..၊ အခန်းတံခါးကို ဝုန်းခနဲဆောင့်ကန်လိုက်ပြီး ထိုနေရာထွက်သွားရန်အပြု...

"အထဲက စားပွဲပေါ်မှာ တင်ခဲ့ပေးပါလား? အောက်ဆင်းလာလို့ မရတယ့်အခြေအနေဖြစ်နေလို့ပါ.."

ရှောင်းကျန့်မှာ ပြာတိပြာယာနှင့် ပြန်ပြောလိုက်မိသည်၊ ဒီကောင်လေးက ထင်ထားတာထက် အစောကြီး ရောက်လာတယ့်အပြင် ကိုယ့်မှလဲ ပြသာနာသေးသေးလေး တတ်နေတာကြောင့် လူလုံးထုတ်ပြ၍မဖြစ်ပေ..။

"အမ်.."

အသံက ဘယ်ကထွက်လာလဲ မသိပေမယ့် တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။ သရဲကြောက်တတ်သော Oမ်ရိပေါ်အဖို့ မျက်လုံးတွေက ပို၍ဂနာမငြိမ်နိုင်..။

ဘာလား?
နေ့ခင်းကြောင်တောင်ကြီး သရဲခြောက်တာလား?

"ဝင်လာခဲ့လေ ဘာတွေလိုက်ကြည့်နေတာလဲ?ငါကလူပါကွ..."

DJ သံခပ်မြူးမြူးက တိကနဲ ပိတ်ကျသွားကာ ယောကျာ်းတစ်ယောက်အသံက ပီပီသသထွက်လာတာမို့ ရိပေါ်မှာ ချောင်းတစ်ချက်ဟမ့်လိုက်ရင်း အခန်းထဲသို့ ဝင်လာသည်..။

"ဘယ်သူက ကြောက်လို့လဲ? ဒီမှာ စားပွဲပေါ်တင်ထားခဲ့ပြီ ပိုက်ဆံပေး.."

ခုထိ အကောင်အထည် မမြင်ရသေးသောသူနှင့် အဝတ်အစားများနှင့် ပွစာယွစာ တတ်နေသော အခန်းကိုကြည့်ရင်း ရိပေါ်နှာခေါင်းရှုံ့လိုက်မိသည်..။ သို့ပေမယ့် အဝတ်ပုံကြားထဲက ထွက်လာတယ့် ပိုးဟပ်တစ်ကောင်ကြောင့်..

"Love Deliverer "[[ COMPLETED ]]✔Tempat cerita menjadi hidup. Temukan sekarang