Love Deliverer
****************"Bo Boကို ကျဲ ပွင့်ပွင့်လင်းလင်းပဲမေးမယ် ၊ မောင်လေးနဲ့ မှဲ့လေးက ဘယ်လိုပတ်သက်မှုတွေလဲ?"
နာနေတယ့် ခန္ဓာကိုယ်က မှဲ့လေးဆိုတယ့် နာမ်စားကြောင့် ပိုနာသွားသလိုပဲ..၊ မွန်းစတားကိုများ မှဲ့လေးတဲ့လေ ...၊ ကျဲကို ဘယ်လိုများ ချုပ်ဆေးတွေကျွေးလိုက်လဲမသိဘူး?
ရိပေါ်မှာ အစ်မဖြစ်သူဘေးမှာ တိုးဝှေ့ကပ်ထိုင်ရင်း ပခုံးကိုခေါင်းနှင့်တိုးကာ အရင် ချွဲသည်။ ပြီးမှ..
"ကျွန်တော် နဲ့ ရှောင်းကျန့်က ချစ်သူတွေဖြစ်နေကြပြီ ကျဲ က စိတ်ဆိုးလားဟင်..?"
Remote နဲ့ TV ကို Off လုပ်လိုက်ရင်း Oမ်ချင်မှာ မောင်ဖြစ်သူဂျစ်တူလေးကို စူးစိုက်ကြည့်သည်..၊ နှာတံလုံးလုံးလေးကို အသာဖျစ်ညှစ်လိုက်ပြီး..
"ကျဲ က ဘာကိုစိတ်ဆိုးရမှာလဲ?"
"ကျွန်တော် Gay နေလို့လေ ရည်းစားတွေအများကြီး ထားပြီမှ Gay သွားတာဆိုတော့ ရုတ်တရတ်ကြီး ဖြစ်မနေဘူးလား?? "
ပြက်လုံး တစ်ခုကြားရသည့်နှယ် တစ်ခိခိရယ်မောသံထွက်လာပြီးမှ..
" ဘာများလဲလို့ Bo Bo ရယ် ခု..မှဲ့လေးနဲ့တွဲနေရတာကို နောင်တရလား? သူနဲ့ အတူရှိတယ့်အချိန်တိုင်းသာ Bo Boသာ ပျော်နေမယ်ဆိုရင် ကျဲအတွက် အဆင်ပြေတယ်.."
ခုလို အသိအမှတ် ပြုခံရတော့ပျော်တယ် သို့ပေမယ့် အပျော်တွေကို အိမ်ရှေ့က လူခေါ်ဘဲလ် က ဖျက်ဆီးသွားခဲ့သည်..။
"ကျဲ ဘဲကြီးကတော့ မလွယ်ဘူးနော် နေ့တိုင်းကို အိမ်လည်နေတော့တာပဲ.."
Oမ်ချင်ကတော့ ထိုင်ရာမှထကာ ဟက်ခနဲရယ်ရင်း..
"အပြောမစောနဲ့လေ BoBo ရဲ့မှဲ့လေးပါ ပါလာရင် ဘယ်လိုလုပ်မလဲ?"
"အမ်!!!..."
မဖြစ်နိုင်တာ..။
မပါလာနိုင်ပါဘူး..။
သို့ပေမယ့် နောက်ပါးဆီက ထွက်လာသော အကောင်းစားဧည့်သည်ကြီးရဲ့ အသံကြောင့် ရိပေါ်မှာလန့်ဖျန့်သွားရသည်...။"ပေါက်စလေး.."
လှည့်မကြည့်ပဲ အသံတိတ်သာ ဆဲလိုက်မိသည်..၊ ကျဲ ရှေ့မှာမို့ ပေါက်စလေးလို့ ေခါ်တာ၊ မဟုတ်ရင် ယောကျာ်းပေါက်စလို့ ခေါ်နေကျ..၊ တွဲခဲ့ဖူးတယ့် လူတွေထဲမှာ Nickname ကိုအဂေါ်ဆုံးပေးနိုင်တယ့် ယုန်မွန်းစတား ပါပဲ..။
YOU ARE READING
"Love Deliverer "[[ COMPLETED ]]✔
Short Story[ ZhanYi ] ❤ ကြက်ကြော်ပို့တဲ့ ကောင်လေးကိုရော မရောင်းဘူးလား? ကြေးကြီးကြီးပေးပါ့မယ်၊ မနစ်နာစေရပါဘူး..။ ကမ်းလှမ်းချက်ကို ငြင်းပယ်ရင်တော့...အဟင်း❤ 💚[[ ငြင်းပယ်ရင် ခင်ဗျားကဘာလုပ်မှာလဲ? ]]💚 ❤သတ္တိရှိရင် ငြင်းကြည့်လိုက်လေ..❤ 💚 လာစမ်းပါ ဆိုင်ကယ်နဲ့ တိုက...