Love Deliverer
——————"Wedding အတွက် အလုပ်ရှုပ်နေလို့ ယောက်ဖနဲ့ ငကျန့်က ဒီနေ့တော့ဆိုင်ခဏထိုင်ပေးကြနော်.."
ထိုစကားအဆုံးမှာ ရိပေါ်နဲ့ရှောင်းကျန့်မှာ ဆိုင်စောင့်ဖြစ်ဖို့ အကြောင်းဖန်လာတယ်..။ တစ်ယောက်သော သူကတော့ ခုထိမျက်နှာထားက တည်တင်းနေတုန်း..၊ Deliver ဝတ်စုံကို ဝတ်ထားသော်လည်း Counter မှာ မိန်းမိန့်ကြီး ထိုင်နေကာ မျက်နှာကလဲ မှင်သေသေနဲ့..။
ေရှာင်းကျန့်မှာ စားပွဲထိုး လုပ်နေရင်းမှပင် ဘယ်လိုမှ စိတ်မချမ်းသာနိုင်တော့ပဲ...
" ကိုယ့်ရဲ့ အသဲတုန်လေးက ခုထိစိတ်ဆိုးမပြေသေးဘူးလားဟင်!"
လူက နံုးချိနေပေမယ့် Oမ်ရိပေါ် လေသံကတော့ မာမြဲ၊မာဆဲပင်..။
"ခင်ဗျားနဲ့ ကျွန်တော်နဲ့မသိဘူး စကားလာမပြောနဲ့.."
ရိပေါ်မှာ Counter မှာထိုင်နေပြီး အလုပ်လုပ်နေခြင်းတော့မဟုတ်..၊ Laptopကြီးရှေ့ချကာ Game ဆော့နေခြင်း..၊ နေ့ခင်းဘက်မို့ လူမကျပေမယ့် ခြောက်ကပ်နေအောင်လဲမဟုတ်ပြန်..၊ သူ့ဟာနဲ့သူတော့ ဆိုင်လေးက စိုစိုပြေပြေ ရှိနေသေးသည်..။
"ရိပေါ်ကလဲကွာ..ဖြစ်ပြီးတာတွေက ပြန်ပြင်လို့မှမရတော့တာ ကိုယ် မင်းကို တာဝန်ယူမယ်လို့ပြောပြီးပြီလေ..."
"တာဝန်မယူလို့ရမလား?
ပါးစပ်က ပြောတော့ Uke Uke နဲ့ အိပ်ရာထဲမှာ ဂျင်းကျွေးသွားတယ်၊ လူလိမ်..လူညာ မုဒိန်းကောင်၊ နှာဘူးကောင် ၊ တဏှာရူး၊ ယုန်မွန်းစတား... "ရှောင်းကျန့်မှာ ဆဲဆိုသံများကို ပြုံးပြုံးကြီး နားထောင်နေတယ်..။
ဆဲပါစေ...
ဆဲပါစေ...။
ဒါကလဲ ဆွဲဆောင်မှု တစ်မျိုးပဲလေ..၊ Counter မှာမေးထောက်ရင်း လင်လေးကိုစိုက်ကြည့်မိတော့ ခပ်စူးစူး ပြန်ကြည့်လာပြန်သည်..။ဘယ်လို ကလေးဆိုးလေးလဲမသိဘူး...ချစ်လွန်းလို့ သေတော့မှာ..။"တစ်စိမ့်စိမ့်ကြည့်ပြီး စိတ်မထိန်းနိုင်ဘူးဆိုတယ့် အကြောင်းပြချက်နဲ့ လူကိုဆွဲစားဖို့မကြံနဲ့နော်၊ ခုထိခန္ဓာကိုယ်က နာနေတုန်းပဲ၊ ကျဲ ရိပ်မိသွားမှာစိုးလို့ ရုပ်တည်ကြီးနဲ့ ထိုင်နေရတာ.."
YOU ARE READING
"Love Deliverer "[[ COMPLETED ]]✔
Short Story[ ZhanYi ] ❤ ကြက်ကြော်ပို့တဲ့ ကောင်လေးကိုရော မရောင်းဘူးလား? ကြေးကြီးကြီးပေးပါ့မယ်၊ မနစ်နာစေရပါဘူး..။ ကမ်းလှမ်းချက်ကို ငြင်းပယ်ရင်တော့...အဟင်း❤ 💚[[ ငြင်းပယ်ရင် ခင်ဗျားကဘာလုပ်မှာလဲ? ]]💚 ❤သတ္တိရှိရင် ငြင်းကြည့်လိုက်လေ..❤ 💚 လာစမ်းပါ ဆိုင်ကယ်နဲ့ တိုက...