part 4

819 67 4
                                    

Zawgyi
ဘာလိုလိုနဲ့ကျောင်းဖွင့်တာတောင် 1 လ ကျော် ကြာခဲ့ ပြီး ပထမ လပတ် စာမေးပွဲတောင် ‌ဖြေရတော့မယ် ဟု ကျနော်စိတ်ထဲက တွေးနေမီတယ် ကျနော်တွေးလို့မဆုံးသေး နှင်းနဲ့သော်က စကားဆိုတယ်

''ပိုင် နင်စာတွေရ ပြီးလား စာမေးပွဲက နောက် အပတ်နော်''

''နှင်းရယ် 1 ပတ် ကြီးတောင် လိုသေးတာဘဲ အေးဆေးပေါ့''
ဟု သော်က‌ပြောတော့ နှင်းက
''ဘာအေးဆေးလည်း သော်ဆုတ် နင့်ကို လည်း မမေးဘဲ နဲ့ ငါ ပိုင်ကို မေးတာနေ နင်က အားအားရှိ စားဖို့ဘဲနင်ခေါင်းထဲမှာဘဲရှိ''

ကျနော်ဘေးနားကသူငယ်ချင်းနှစ်ယောက်သည် အ မြဲတမ်းရန်ဖစ်တက်သည် မတည့်အတူနေ ပေါ့

'' နှင်းနဲ့သော်ရယ် တော်ပါတော့ နင်တို့က အားနေ ရန်ဖစ်ဘဲသိတယ် နင်တို့နှစ်ယောက်ကို ပေးစားလိုက်ရ''
ကျနော်‌ပြောလိုက်တော့ နှင်းက
''အမလေး ပိုင်ရယ် သူလို ကောင်မျိုးကို ယူမဲ့အစား ခွေးမြီးဘဲ ဖြတ်ယူတော့မယ် သူကိုယူရင် ငါ့ သူစားသောက်ဖိုးနဲ့ ‌မွဲမှာ နင်ဘဲယူလိုက်လေ''

''ငါကလည်း နင့်လို စကား‌ပြောရင်လက်ပါတက်တဲ့ မိန်းကလေးကိုမယူပါဘူး''
ကျနော်လည်း ကျနော်ကို အလည်မှာ ထား၍ စကားနိုင်လုနေ ကြသော သူငယ်ချင်းနှစ်ယောက်ကို ‌ပြောမနိုင်တော့ ၍ လွတ်ထားလိုက်သည် ထို အခါ ကျနော်တို့အနားကို ဆရာမရောက်လာ၍
''ဟိုနှစ်ယောက် ဘာတွေစကားများနေတာလည်း''
''မဟုတ်ပါဘူးဆရာမရယ် သမီးနှစ်ယောက်က စာ‌ကြောင်း ပေ‌ကြောင်း‌ပြောနေတာပါ'' နှင်းက ပြုံး၍ ဆရာမကို‌ပြောလိုင်တော့ ဆရာမကလည်း
''အေးပါ ထားပါတော့ ''
''ဒါနဲ့သားပိုင်ဆရာမကိုလေ ဒါလေး အတန်းမှုးကိုသွားပေး ပေးပါလား ''
ဆရာမ ပေးလာသောစာရွက်၍ ကြည့်၍ ကျနော်စဉ်းစားမိသည် အတန်းမှုးနားနေခန်းက 10 တန်း (A)ခန်းနဲ့ ကပ်ရပ်မဟုတ်လား ကျနော် ရင်ထဲတွင်ပျော်မိသွားသည် အကိုဆန်းသစ်မောင်နှင့် မတွေ့ရတာ 3ပတ်လောက်ရှိ ပြီးဆိုတော့ ကျနော်တွေး မိရင်း ငါ့အကို ကို ချစ်နေတာလားဟု တစ်ဆက်တည်းတွေးမိစဉ် အတွေးနယ်ထဲရောက်နေစဉ် ဆရာမက

ရုန်းထွက်၍မရသောချစ်ခြင်းWhere stories live. Discover now