သာယာလှပ၍ သစ်ပင်များနှင့်စိမ်းစိုကာ အေးချမ်းသောကျောင်းတော် ကြီးသည် ကျနော်တက်ရောက်ပညာသင်ယူနေသော အ ထ က (1)ကျောင်းတော် ကြီးပင်ဖြစ်သည် ကျနော်က 9 တန်းကျောင်းသားလေးပါ ကျနော်အသက်က 15နှစ် ကျနော်မှာ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိတယ် သော်စိုး နှင့် နှင်းရီ တဲ့
''ဟော မြန်မြန်လာပါဆို ပိုင် ကလည်းကွာ ကျောင်းတက်တော့မှာမသိဘူး ပြီးတော့ အနောက်တန်း သူများတွေယူသွားအုံးမယ်'''အနောက်တန်းမရလည်း အရှေ့တန်းမှာထိုင်ပေါ့ မင်းကလေ အားနေ အနောက်တန်းမှာ နေ ပြီး အိပ်နေတာ ကြီးဘဲ ''
'ပိုင်ကလဲကွာ ငါအိပ်တော့မင်းနိုးပေးပေါ့'
'ဟုတ်ပါ အမောင်သော်စိုးရယ် လာသွားမယ်''
ထိုနောက်......
'ဟဲ့ နှစ်ကောင် ငါ့ကိုမစောက်ဘဲ ကျောင်းလာ ကြတယ်ပေါ့ ''ဟု ပါးစပ်ကလည်းအော် လက်ကလည်းပါ
ဘယ်သူရှိရမလည်းစကားပြောရင် လက်အ မြဲပါတဲ့ နှင်းရီ ဆိုတဲ့ ကျနော်သူငယ်ချင်းပေါ့''ဖြေးဖြေးလုပ်ပါနှင်းရီရယ် အဆုပ်တွေ ကွာ ကုန်ပြီးလားမသိဘူး''
''နင်ကလည်း မနာလောက်ပါဘူး''
''ဘာ.. မနာဘူးဟုလား နင်ခံ ကြည့်ပါလား'' ဟု ကျနော်ပြော ပြီးသူ့ကို လွယ်အိတ်နဲ့ လိုက်ထု သူက ပြေး
အနောက်မှာ ကျန်ခဲ့တဲ့ သော်စိုးကလည်း''ဟိုနှစ်ယောက် ငါ့ကိုစောင့်အုံးလေ ကွာ''ဟု ပြော၍ ပြေးလိုက်လာတယ်
ကျောင်းတော် ကြီးထဲဝင် အ ဖြူအစိမ်းဝတ်၍ ပြေးလွှားဆော့ကစားနေသော 9တန်းကျောင်းသားနှစ်ယောက်နှင့် ကျောင်းသူ တစ်ယောက်တို့သည် 5 တန်းကလေးများအလားပင်
ကျနော်တို့ကစားနေတာကို လူတစ်ယောက် ကြည့်နေသလို ခံစားရတော့ အ ပြင်ကို လှည့် ကြည့်မီတော့ ထိုသူကို မတွေ့လိုက် ကား မောင်း၍ ထွက်သွားသည်ထိုအချိန်
တောင်း။။ တောင်း။ တောင်း။
ကျောင်းတက်ခေါင်းလောင်းထိုးတော့ အခန်းထဲ အ မြန်ပြေးဝင် တဲ့အချိန် အခန်းနားမရောက်ခင် လူတစ်ယောက်နှင့်တိုက်မီသွားသည်'အမေ့'!
''ဟို sorry ပါ ဗျ ကျနော် မတွေ့လိုက်လို့ပါ အတန်းထဲ ၀င်ရမှာမို့လို့ လောနေတာပါ ''
ကျနော်ပြောတော့ ထိုသူက အလိုမကျမျက်နှာ ဖစ်နေသည် အလိုမကျမျက်နှာသည်သူနှင့်မလိုက်ဖတ် သူသည် အသား အဝါရောင် မဲနက်သော မျက်ခုံး ဖြောင့်စဉ်းသောနှာတံနှင့် ဆံပင်ကို သိမ်းတင်ထားသည်မှာ လူ ကြီးလူကောင်းတစ်ယောက်အလား အ ဖြူအစိမ်းကိုဝတ်p အပေါ် အကျီ အ ဖြူက ကြယ်သီး တစ်လုံးကို
ဖြုတ်ထားသည်မှာ ကျောင်းက ဇိုး တစ်ယောက်လား😅

YOU ARE READING
ရုန်းထွက်၍မရသောချစ်ခြင်း
Fanfictionလူတွေဟာ ခံစားရ များလာတော့ချစ်ခြင်းဆိုတဲ့အရာကနေ ရုန်းထွက်ချင်ကြပင်မဲ့ရုန်းထွက်လို့မရခဲ့တဲ့သူတွေလည်းရှိပါတယ် ပမထဦးဆုံး fic မို့ ဝေဖန်အားပေး ပြီး vote လေးလည်း ပေးကြပါအုံး💙💙💙💙