Zawgyi
,။။။။။။။။။။။။,
ကျနော်တို့ စာမေးပွဲ ဖြေမည့်နေ့ရောက်လာတော့ ခုံနံပါတ်နဲ့ ဖြေရမယ် အခန်းကို ဆရာမကပြောတော့''ကလေးတို့ 9 (A)က ယောက်ကျာ်းလေး အယောက် 20 က 10(A) မှာဖြေရမှာနော်''
ထိုနောက် ခုံနတ် ဘယ်လောက် ကနေ ဘယ်လောက် ဆရာမပြောတော့ ကျနော် နာမည် ပါတော့ အရမ်းပျော်တာပေါ့ အကို နဲ့တစ်ခန်းထဲ ဖြေရမယ် မဟုတ်လား ကျနော်တို့ အခန်းက ယောက်ကျားလေး အယောက် 30 ရှိတော့ ကျနော်က အယောက် 20 ထဲပါသွားတာ ကျတော် စိတ်ထဲတွင် ကြည်နူးမိသည် ညနေ ကျောင်းပြန်တော့ မနက် ဖြန် ဖြေရမည့် စာမေးပွဲကို တွေးရင်း ပျော်နေသည်မှာ အမှန်ပင်
နောက်တစ်နေ့...............
'ဟဲ့ သော် နင် ပိုင်နဲ့ အခန်းတူလား ''
''မတူပါဘူးနှင်းရယ် ''
''ပိုင်က 10တန်း (A)အခန်းလေ နင်နဲ့ငါက (B)နဲ့ (C)လေ''
သော်ကပြောတော့ နှင်းက''အေးဟယ် အတန်းတူရင်ကောင်းသား''
''ခေါင်းလောင်းတိတော့မယ်လေ သွား ကြတော့ ဖြေ ပြီးမှ ဆုံမယ်နော် သော်နဲ့ပိုင်''
''အေးပါ နှင်းရယ်'' ဟုနှစ်ယောက်သား ပြန်ပြော မီသည်ကျနော်စာမေးပွဲ အခန်းထဲ ၀င်လာတော့ 10တန်းဘေးမှာ 9တန်း ဖြေရသည် တစ်ယောက်တစ်ခုံပေါ့ ကျနော် ခုံနံပါတ် နေရာ လိုက်ရှာရင်း ကျနော် ၀မ်းသာစရာ တစ်ခု ဖြစ်ပေါ်သွားသည် အကိုဘေးနားမှာ ဖြေရမည် ဆိုတော့
''အကို ကျတော် ထိုင်မယ်နော်''
''မင်းခုံနံပါတ်ဟုတ်ရင်ထိုင်ပေါ့ မဟုတ်ရင်မထိုင်နဲ့ ဘာလို့ငါကို လာပြောနေတာလည်း''
အကိုအလိုပြောတော့ ကျတော်ဘာမှ ပြန်မပြောဘဲ နေလိုက်တော့သည် ဆရာမလာဝေတဲ့ မေးခွန်းကို ကြည့် ပြီး ဖြေနေတဲ့အချိန် စိတ်ထဲက
''အကိုရယ် အကိုနဲ့ကျနော် တူတူထိုင်နေတာပါ အနည်းဆုံးတော့ ကျတော်ကို လှည့် ကြည့်သင့်တယ် မဟုတ်လား အကိုရယ် နည်းနည်းလောက် ဖြစ်'' ကျနော်စိတ်ထဲကပြောရင်း ဆုတောင်းမီသည် စာမေးပွဲ အချိန် စေ့လို့ အခန်း ပြင်ထွက်သည် အထိ အကို မ ကြည့်ခဲ့ပါ
YOU ARE READING
ရုန်းထွက်၍မရသောချစ်ခြင်း
Fanfictionလူတွေဟာ ခံစားရ များလာတော့ချစ်ခြင်းဆိုတဲ့အရာကနေ ရုန်းထွက်ချင်ကြပင်မဲ့ရုန်းထွက်လို့မရခဲ့တဲ့သူတွေလည်းရှိပါတယ် ပမထဦးဆုံး fic မို့ ဝေဖန်အားပေး ပြီး vote လေးလည်း ပေးကြပါအုံး💙💙💙💙