Part 3

917 93 2
                                    

Unicode

"အားးးစိတ်တိုလိုက်တာကွာ တောက်''

ရိပေါ်အိပ်ယာထဲတွင်လူးလှိမ့်၍နေရင်း နေ့လည်ကဟိုကောင်တေပြောတာကိုပဲနားထဲမှာကြားနေမိသည်။

"မင်းသူ့ကိုကြိုက်နေတာလားးးး''

"မင်းသူ့ကိုကြိုက်နေတာလားးးး''

နားထဲမှာ ဒီစကားကြီးကတဝဲလည်လည်။

"တောက်.ချီးပဲကွာ စိတ်တိုလိုက်တာ ငါကဘာကိစ္စအ့ကောင်ကိုကြိုက်ရမှာလဲ??ငါကလေ..ငါဆိုတဲ့ဝမ်ရိပေါ်ကလေ ဟားးဟားး''

ဝမ်ရိပေါ်တစ်ယောက် သန်းခေါင်နက်ကြီးထ၍ အော်ဟစ်ရယ်နေသည်။အခန်းကအသံလုံခန်းမို့သာ။နို့မို့ဆို ဝမ်အိမ်ကလူတွေတော့ သူတို့အစ်ကိုလေးရူးသွားပြီဟုထင်ကြမည်။

ရှောင်းကျန့်တစ်ယောက်တော့အိပ်နေရင်း နားယား၍ထထိုင်မိသည်။

"နားတွေကယားလိုက်တာကွာ ဘယ်သူငါ့အကြောင်းပြောနေတာလဲဟ''
(ရှင့်လူကြီးပါရှင့်)

ဝမ်ရိပေါ်၏အခန်းထဲ၌ခေါင်းအုံးနှင့် ဖက်ခေါင်းအုံးများပြန့်ကြဲစွာ။အိပ်မရသည်မို့ အကုန်လုံးကို ကန်ချပစ်ထားခြင်း။

"မျက်လုံးတေကလဲ သောက်ရေးထဲမှလာကြောင်နေတယ် ထိုးဖောက်လိုက်ရရင်မကောင်းရှိတော့မယ် ငါနော် ဟင်း ဟင်း''

ဝမ်ရိပေါ် ဟိုတွေးဒီတွေးနှင့်မို့ကောင်းစွာအိပ်မပျော်ခဲ့။မနက်မိုးလင်းတော့အိပ်ရေးမဝသည်မို့ စိတ်ကမကြည်ချင်။မြင်မြင်သမျှကိုသာ ရန်လုပ်နေမိသည်။

"အာ အရေးထဲမှ ဒီဘောင်းဘီကလာကျပ်နေတယ်''

"ဆံပင်ကလဲကွာ....''

ဝမ်ရိပေါ်မိမိကိုယ်ကိုလဲအလိုမကျမိ။ဒီနေ့မှဘာဖြစ်နေသည်မသိ။

"ဒုန်းးးး''

"ဟာ ဒီသောက်တံခါးတော့ ငါဖျက်ချိုးလိုက်တော့မယ်''
(အမလေးနော် သူ့ဘာသူနေတဲ့တံခါးတောင် အပြစ်မလွတ်ပါလားဟဲ့)

"မောနင်း ဝမ်လေး....''

သူ့အစ်မဝမ်ချင်တစ်ယောက် မောင်ငယ်ကို မေားနင်းပြောရင်းလန့်သွားမိသည်။

My HeartbeatWhere stories live. Discover now