Part 20

379 29 1
                                    

Unicode

"အားးဒီခွေးကောင် မင်းမျက်လုံးကဘယ်ကိုကြည့်နေတာလဲ သေချင်လို့လား ခွေးမျိုး!

ဝမ်ရိပေါ်အော်လိုက်တော့ ကျန်းချန်ပါသိသွားပီးထိုးဖို့ပြင်တော့သည်။

"ဟေ့ကောင် မင်းကငါ့ညီမကိုဘာကြည့်တာလဲ ဟမ်!!မင်းသေဖို့သာပြင်တော့''

ကျစ်ရွှမ်းတစ်ယောက်ဘေးနားကအသံတွေကြားလဲဂရုမစိုက်အား။ ရန်လဲပြန်မလုပ်နိုင်တော့ဘူး။အခုချိန်သူ့မျက်လုံးထဲမှာမြင်တာဆိုလို့ ကျန်းချန်ညီမဆိုတဲ့တစ်ယောက်။

ယန်လီသူ့ကိုမျက်တောင်မခတ်တမ်းကြည့်နေတဲ့သူကြောင့် မျက်နှာတောင်ဘယ်နားထားရမှန်းမသိတော့ဘူး။
ကြည့်နေလိုက်တာများ ကိုကိုသူ့ကိုထိုးဖို့ချိန်နေတာတောင်လှည့်မကြည့်ဘူး။
အော်...နှာခေါင်း နှာခေါင်းးးး။

ခွပ်!!!!!။

ဟမ်..ငါ့ကိုဘယ်သူထိုးတာလဲကွ??
ထိုအခါမှလှည့်ကြည့်ပါသောကျစ်ရွှမ်းရယ်ပါ။

"ဘာကြည့်တာလဲ မင်းကပြန်လုပ်ချင်လို့လား လာစမ်းပါအသေကိုသတ်မယ် တဏှာရူးကောင်''

"အဟမ်းးး မင်းကလဲကွာ အချင်းချင်းပဲကိုပြန်လုပ်စရာလားကွ အ့ဆိုငါသွားပီနော် ညီမလေးအစ်ကိုသွားတော့မယ်နော်''

"တောက်!!!မင်းအပေါက်ကိုပိတ်ထား ကျင်းကျစ်ရွှမ်းး''

သွားခါနီးတောင် ယန်လီကိုနှာကဘူးသွားသေးသည်။

"ဟဲ့ နင်ကရောဘယ်ကိုလက်ပြနေတာလဲ ဟင်းဟင်း နင့်အစ်ကိုထောင်ထဲရောက်တာမမြင်ချင်ရင်အချိုးတွေပြင်နော်''

"ဟုတ်တယ် ယန်လီအဲ့ဒီကောင်နဲ့တော့ဘယ်တော့မှမပက်သက်နဲ့ အလကားမာနတွေမိုးပေါ်တက်နေတဲ့ကောင်''

ဟောက်ရွှမ်းကပါဝင်ထောက်ခံလိုက်သည်။

"ယန်လီ ကိုကိုတို့ပြောတာကြားတယ်မလား''

"အင်းပါ ကြားပါတယ်ကိုကိုတို့ရဲ့ သူ့ကိုစိတ်ထဲတောင်မထားတော့ဘူး အ့ဆိုချွန်းဟွားနဲ့သွားလိုက်အုံးမယ်နော် byebye''

"ဟီးဟီး အစ်ကိုယွိပင်းသွားတော့မယ်နော် စကားမစပ် အရမ်းချောတယ်သလား''

My HeartbeatWhere stories live. Discover now