Part 10

624 51 1
                                    

Unicode

"နေ့ခင်းကစုန့်လန်ကဘာပြောတာလဲ??''

"ကျိရန်ကိုချစ်ဖို့ကောင်းတယ်တဲ့''

"သူကဘာလို့အ့လိုပြောတာလဲ''

အိပ်ရာထဲတွင်ရှောင်းကျန့်တစ်ယောက်လူးလှိမ့်ရင်းမေးခွန်းထုတ်နေလေသည်။

မနေနိုင်တော့သည့်အဆုံး စုန့်လန်ဆီဖုန်းဆက်မေးရန်သာဆုံးဖြတ်လိုက်သည်။
( ရှင်​လေးကသိပ်စပ်စု)

အာ..ညကြီးအချိန်မတော်ကွာ.
ဘယ်သူဆက်တာလဲ။

ကျိရန်အိပ်ချင်မူးတူးနှင့် ညသန်းခေါင်ကြီးဖုန်းလာသောကြောင့်ထကိုင်လိုက်သည်။

ဟမ်..ရှောင်းကျန့်ပါလား..ဘာကိစ္စများပါလိမ့်

*hel..*

Helloတောင်ပီးဆုံးအောင်မပြောရသေးဘူး။ရှောင်းကျန့်ကမေးခွန်းတွေတရစပ်မေးတော့သည်။

*စုန့်လန် မင်းနေ့ခင်းကကိစ္စကိုရှင်း. မင်းဘာလို့အ့လိုပြောတာလဲ?? ဘာဖြစ်လို့လဲ...အားးးငါသိချင်နေပီမြန်မြန်ဖြေဟ*

*ရှောင်းကျန့် မင်းမေးတာရပ်မှဖြေလို့ရမှာပေါ့ဟ *

သူပြောမှပဲ အသံတိတ်သွားတော့တယ်။နို့မို့ဆိုတညလုံးပဲမေးနေမလားမသိဘူး။

*ကဲပြော ဘယ်ကစဖြေပေးရမလဲ?*

*ဖြေချင်တဲ့နေရာကဖြေကွာ သိချင်တာတပိုင်းသေနေပီ*

*ကျိရန်ကိုပြောတာကကြိုက်လို့ကွာ*

*ဘာ!!!!!!*

*ရှောင်းကျန့် ဖြေးဖြေးအော်ဟ နားကန်းတော့မယ် အချိန်လဲကြည့်အုံး*

ရှောင်းကျန့်သူ့နားပင်သူမယုံနိုင်။ဘာတဲ့ ကြိုက်လို့တဲ့...။အ့လိုမျိုးကြီးက ရ ရလို့လား။ဖွီး ကြက်သီးထလိုက်တာကွာ။

*စုန့်လန် မင်းဘာပြောလိုက်တယ် မင်း မင်းနောက်နေတာလား သူကယောက်ျားလေးလေ*

*ဟာ ရှောင်းကျန့်မင်းဘယ်ခေတ်မှာကျန်ခဲ့တာလဲ ခုခေတ်မှာဒါကမဆန်းပါဘူး*

*ဒါ ဒါဆိုမင်းကgayလား??*

*.......*

*အာ ကျိရန်ငါကအ့လိုသဘောမျိုးမေးတာမဟုတ်ဘူးနော် မင်းအ့လိုမှန်းငါမသိခဲ့ဘူးလေ*

My HeartbeatWhere stories live. Discover now