Part 14

437 43 1
                                    

Unicode

°တီ..တီ...တီ..°....

မနက်အစောကြီးalarmသံကား အခန်းထဲဝယ်ဆူညံလျက်.

ဒီနေ့က ကျွန်တော်တို့ရဲ့ 1month anniလေးပါ။
ချစ်လာခဲ့တဲ့တစ်လအတွင်းမှာ သူ့အကြောင်းလေးတွေကျွန်တော်သိလာရတယ်

သူ့စိတ်အလိုမကျရင်နှုတ်ခမ်းလေးထော်လာတာ​တွေ။ လစ်ရင်လစ်သလိုနမ်းတတ်တာလေးတွေ။မနက်မိုးလင်းနဲ့မိုးချုပ်တိုင်း အိမ်လာကြိုပီးပြန်ပို့ပေးတါလေးတွေ။
ကော်ဖီခါးခါးကြိုက်တတ်တာလေးတွေ။ ကျွန်တော့်မျက်နှာကိုကြည့်လိုက်တာနဲ့ကျွန်တော်ဘာဖြစ်နေလဲသူအကုန်သိတယ်။ တခြားသူတွေနဲ့ဆိုရင်အရမ်းချေပီး ကျွန်တော်နဲ့ရှိနေရင်ကလေးဆန်တာလေးတွေ။ အဲ့ဒီအရာလေးတွေကြောင့်ကျွန်တော်သူ့ကို အရမ်းချစ်လာရတယ်။

ဒါပေမဲ့ခုတလောသူကျွန်တော့်ကိုအချိန်သိပ်မပေးဘူး။ဘာလို့လဲတော့ကျွန်တော်လဲမသိဘူး။ပြောပြခိုင်းရင်လဲ ပါးခိုင်းထားတာတွေလုပ်နေလို့ လို့ပဲပြန်ပြောတာချည်း။

"ဟာ ဘာဖြစ်ဖြစ်ပါလေ သူအလုပ်မအားလို့နေမှာပေါ့ အခုတော့သူနဲ့တနေကုန်အတူရှိရအောင် ရေသွားချိုးလိုက်အုံးမယ်ကွာ..''

ရှောင်းကျန့်တစ်ယောက် စိတ်ကူးတွေယဥ်ပီး သွားတိုက်ဆေးနဲ့မျက်နှာသစ်ဆေးတောင်မှားသုံးမိလေရဲ့..။

ရေချိုးခန်းထဲကိုယ့်ဘာကိုယ်ပြန်ရှက်သွားရသေးတယ်။
anniနေ့လေးပဲဟာ..ဘာများကွာခြားသွားလို့လဲရှောင်းကျန့်ရ မင်းဘာတွေဖြစ်နေတာလဲ အရေးထဲမှရင်ဘတ်ကြီးကလဲအရမ်းခုန်နေသေးတယ်။

အပြာရောင်shirtလေးနှင့် ကာကီရောင်​ဘောင်းဘီလေးကိုတွဲဝတ်ပီးချောချင်တိုင်းချောနေသည်။အထူးတလည်ပြင်နေစရာမလို။ နဂိုရုပ်ခံလေးကရှိပီးသားမို့လား..။

"ဟိဟိ တယ်ချောတဲ့ငါပါလား ''

မှန်ထဲကြည့်၍ရှောင်းကျန့်တစ်ယောက် ပြုံးကြည့်လိုက်မဲ့ကြည့်လိုက်နှင့် နာရီဝက်နီးပါးကြာသွားသည်။

"ဟင် ရိပေါ်မလာဘူးလားမသိ ဆိုင်ကယ်သံမကြားမိဘူး''

ခါတိုင်းနေ့တွေလိုချစ်ရသူမလာသေးသောကြောင့်ငိုင်သွားရသည်။

My HeartbeatWhere stories live. Discover now