Part 1

2.1K 108 1
                                    

Unicode

"ဘုတ်'' ခနဲမြည်သံနှင့်အတူရှောင်းကျန့်၏ခေါင်းပေါ်သို့ စက္ကူလုံးဖြင့်ပစ်ခံလိုက်ရသည်။ဘယ်သူ့လက်ချက်လဲလှည့်ကြည့်ရန်ပင်မလို။သူ့ရဲ့ရန်သူတော်ကြီး ဝမ်ရိပေါ်

"အားနေလားမသိဘူး သောက်ကောင်စုတ် ငါ့ပဲအနိုင်လာကျင့်နေတယ်'' ရှောင်းကျန့်ကျယ်ကျယ်လဲမပြောရဲသဖြင့်ပွစိပွစိလုပ်နေသည်။

"ဒုတ်'' ဒီတစ်ခါတော့ခုံကိုခြေထောက်ဖြင့်ကန်နေခြင်း။

"အား...စိတ်တေတိုလိုက်တာနော်''

"ရှောင်းကျန့်ငါခေါ်နေတယ်လေ မင်းနားပင်းနေလား''ဝမ်ရိပေါ်ဆီမှမတိုးမကျယ်အသံထွက်လာသည်။

"ဟွန်း ဒါလားလူခေါ်တာ ပါးစပ်က အနေလားမသိဘူး''

"မင်း ဘာတေပွစိပွစိလုပ်နေတာလဲ ငါခေါ်ရင်လှည့်ကြည့်လေ မင်းငါ့အကြောင်းသိတယ်နော် ဟင်းဟင်း''ရိပေါ်တစ်ယောက်သူခေါ်သည်ကိုလှည့်မကြည့်သဖြင့်စိတ်ကတိုလာသည်။

"အင်း ပြော ငါဘာလုပ်ပေးရမလဲ''

"အ့လိုမှပေါ့ ငါအခု အမေရိကာနိုတစ်ခွက်သောက်ချင်တယ် သွားဝယ်ပေး''

"ဝမ်ရိပေါ်ရာ ဆရာမစာသင်နေတယ်လေ ငါပီးမှဝယ်လို့မရဘူးလား''​ ရှောင်းကျန့်တောင်းပန်သောအသံဖြင့်ပြောလိုက်သည်။

"မ ရ ဘူး ငါကအခုပဲသောက်ချင်တာ ရှောင်းကျန့်သောက်စကားတေရှည်မနေနဲ့သွားဆိုသွားလိုက်''

ရှောင်းကျန့်ငိုချင်စိတ်ပင်ပေါက်သွားသည်။ဟုတ်သည်လေ ယခုသင်နေသည့်ဆရာကသူ့အချိန်အပြင်မထွက်ရအမိန့်ထုတ်ထားသည်လေ။ထို့အပြင်စိတ်ကလဲအရမ်းကြီးသေး။

"ငါတော့သေချင်တော့တာပါပဲ''ပြီးနောက်ဘေးသို့လှည့်၍

"ယွိပင်း ကျိရန် ငါအပြင်ခဏသွားအုံးမယ်''

"ဟေ့ကောင်ဖြစ်ပါ့မလားကွ ဆရာဆူလိမ့်မယ်နော် ''

"အေးလေ ဘာလို့သွားမှာလဲ?''

"ဝမ်ရိပေါ်သွားခိုင်းတာ ကော်ဖီသွားဝယ်ခိုင်းလို့''ရှောင်းကျန့်စကားကြောင့်ဟိုနှစ်ကောင်အသံတိတ်သွားသည်။

My HeartbeatWhere stories live. Discover now