Chapter 1

4.2K 189 4
                                    

(Zawgyi)

အရှေ့ဘက်ဆီမှ ရောင်နီတချို့ဖြန့်ကျက်လာချိန်မှာတော့ ကျွန်တော့်ရဲ့ အကျင့်ပါနေတဲ့မျက်လုံးတွေက နိုးထလို့လာခဲ့လေပြီ...။ အိပ်ယာထဲမှာပျင်းကြောဆွဲမနေတော့ဘဲ တခါတည်းတန်းထကာ ရေချိုးခန်းထဲသို့ ဝင်လာခဲ့လိုက်တယ်...။

အဆင်သင့်ထုတ်ပေးထားတဲ့ သွားပွတ်တံကိုကောက်ကိုင်ကာ သွားတိုက်လိုက်ပြီးမှ ရေတစ်ခါတည်းချိုးဖို့ပြင်လိုက်တယ်...။ ဆောင်းဝင်ကာစအချိန်မို့ မနက်စောစောရေချိုးရတာ အေးစိမ့်စိမ့်နိုင်လှတယ်...။ ဒါပေမဲ့လည်း ရေအေးနဲ့မှမချိုးရရင် မလန်းဆန်းသလိုခံစားရတာကြောင့် ခပ်မြန်မြန်လေးသာ ချိုးလိုက်တော့တယ်...။

ရေချိုးပြီးအပြင်ပြန်ထွက်လာတော့ သူမက အိပ်ယာသိမ်းပြီးလို့ ကျွန်တော့်အတွက်အဝတ်အစားတွေပင် ထုတ်ထားပြီးဖြစ်လေပြီ...။ ခါးထိရောက်တဲ့ဆံပင်ရှည်ကြီးတွေနဲ့ သူမဟာ သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ပင်...။ ဒါကြောင့်လည်း တချို့ကပြောကြတယ်...။ ကျွန်တော်က အိမ်ထောင်ကျကံကောင်းတယ်တဲ့လေ...။

"မောင်... မနက်စာပြင်ပြီးပြီ... စားသွားမယ်မလားဟင်"

ကျွန်တော်ပါးစပ်ကနေမဖြေဘဲ ခေါင်းသာညိတ်ပြလိုက်တယ်...။ အင်္ကျီဝတ်တော့လည်း သူမက ကူညီကာ necktie စည်းပေးပြန်တယ်...။ ကျွန်တော့်ထက်သိသိသာသာ အရပ်နိမ့်တဲ့သူမကြောင့် ကျွန်တော်လည်း သူမအဆင်ပြေစေရန် ကိုယ်ကိုအတန်ငယ်ကိုင်းပေးလိုက်တယ်...။

"ကျွန်မရဲ့ယောက်ျားကတော့ ဘယ်တော့မဆိုကြည့်ကောင်းနေတာပဲ... တစ်ခါတစ်လေကျ စိတ်ကိုမချဘူး သိလား"

"စိတ်မချရအောင် ကိုယ်ကဘယ်သူနဲ့ဘာလုပ်နေလို့လဲ"

လေသံအေးအေးနဲ့ ကျွန်တော်ပြန်ပြောတော့ သူမက မျက်စောင်းနုနုလေးထိုးလေရဲ့...။ မိန်းကလေးတွေအားလုံး သဝန်တိုစိတ်ကောက်တတ်ကြတာလား...?? အဲဒါကို ချစ်စရာကောင်းလိမ့်မယ်လို့ ဟိုးအရင်တုန်းက ဘာလို့ထင်ခဲ့မိတာပါလိမ့်...။

"ပြောပြတာပါ.. မောင့်ကိုကျွန်မယုံပါတယ်"

ပြောပြောဆိုဆိုနဲ့ ကျွန်တော့်ရင်ခွင်ထဲတိုးဝင်ကာ ခါးကိုလာဖက်တဲ့သူမကို ကျွန်တော်ပြန်ဖက်ရမယ့်အစား အသာအယာပြန်တွန်းထုတ်လိုက်မိတယ်...။

First Love (Completed)Where stories live. Discover now