🌹9🌹

13.8K 1.2K 5
                                    

(Unicode Version)

"နေ့တိုင်း ဒီစာတွေကိုပဲ ကျက်နေရတာကို မမုန်းသေးဘူးလား။"

အတန်းခဏအားတုန်း Bioကျက်နေတဲ့ ကျွန်တော့်ကို ပြဿနာကောင်က ဝေဖန်ရေးဆင်းနေလေရဲ့။ စာကျက်တာကို အမုန်းတို့ အချစ်တို့က ရှိရဦးမှာလား။

"မင်း အရမ်းအားနေလား။ အားနေရင်လည်း တခြားမှာ သွားနေ။ ငါ့မျက်စိရှေ့မှာ လာမနေနဲ့။ အာရုံနောက်တယ်။"

တကယ်ဆို ထက်မြက်အောင်ရဲ့နေရာမှာ သူ လာထိုင်စရာကို မလိုတာ။ ဟိုကောင်က မုန့်ထွက်ဝယ်နေတုန်း သူက ဘယ်လိုစိတ်ကူးရပြီး ရောက်ချလာမှန်း မသိ။

ထိုင်တော့လည်း ပါးစပ်က အငြိမ်မနေနိုင်ဘဲ ကျွန်တော့်ကို မျိုးစုံလျှောက်ပြောနေတာ။ ဒီလိုတွေ လာပြောနေရအောင် သူနဲ့ ကျွန်တော်က ရင်းနှီးမနေဘူးလေ။

အတိအကျပြောရရင် သူက ကျွန်တော့်အတွက်တော့ ရန်သူမျိုးငါးပါးနဲ့ တစ်တန်းတည်းထားပြီး ရှောင်ရှားရမဲ့ လူစားမျိုးပဲ။

"ငါ့ကို အားနေတယ်လို့များ ထင်နေတာလား။ ငါ့ဆီမှာ အကူအညီလာတောင်းတဲ့သူတွေမှ အများကြီးပဲ။ မင်းက ကျောင်းသားသစ်မို့လို့ ကျောင်းသားဟောင်းဖြစ်တဲ့ ငါ့မှာ တာ၀န်ရှိတယ်ဆိုပြီး လာစောင့်ရှောက်ပေးနေရတာ။"

နှလုံးလှလူမိုက်ကြီးကို ကျေးဇူးတင်လွန်းလို့ ဆောင့်ကန်ပစ်လိုက်ချင်တယ်။ သူ့ရဲ့အဓိကရည်ရွယ်ချက်က ကျွန်တော် စာကျက်တာကို အနှောင့်အယှက်ပေးဖို့ပဲ နေမှာ။

"မင်း..."

သူ့ကို မောင်းထုတ်ဖို့ ဟန်ပြင်ထားပြီးမှ အခန်းထဲ ဝင်လာတဲ့ တိမ်လွှာ့ကို ကျွန်တော် လှမ်းမြင်လိုက်ရတယ်။ အဲဒါကြောင့် ဒေါသကို ခဏဖယ်ပြီး လူလိမ္မာလေးအဖြစ် နေပြရတော့တာပေါ့။

ကံကောင်းတယ်လို့ ဆိုရမလားပဲ။ တိမ်လွှာက ကျွန်တော့်ရှေ့တည့်တည့်ကို ရောက်လာခဲ့တာ။

"နင်က ဇာနည်နိုင်လား။"

တိမ်လွှာ့ရဲ့မေးခွန်းကြောင့် ပြဿနာကောင်ကို ကျွန်တော် မ‌ကျေနပ်တဲ့ပုံစံမျိုးနဲ့ လှမ်းကြည့်လိုက်မိတယ်။ သူကလည်း ကျွန်တော့်ဘက်ကို လှည့်ကြည့်ပြီး 'ငါ ဘယ်သိပါ့မလဲ' ဆိုတဲ့ အကြည့်မျိုးနဲ့ ပခုံးတွန့်ပြလေရဲ့။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now