🌹42🌹

13K 1K 34
                                    

(Unicode Version)

ဒေါ်ဖူးမြတ်ကို ကတိပေးထားတဲ့အတိုင်း တိမ်လွှာ အမြန်ဆုံးပြန်ကျန်းမာလာအောင်လို့ ကျွန်တော် စောင့်ရှောက်ပေးခဲ့ရတယ်။ ပထမနှစ်ရက်လောက်မှာ တိမ်လွှာက စကားသိပ်မပြောဘဲ ငြိမ်နေခဲ့တာပေါ့။

သုံးရက်မြောက်နေ့ကစပြီး အရင်နေ့တွေကထက် စကားပိုပြောလာတယ်။ သိချင်တာရှိရင် ထုတ်မေးတတ်လာတယ်။

အဲဒါက ကောင်းတဲ့လက္ခဏာပဲမလား။

"တိမ်လွှာ... ဒါလေးကို စားကြည့်ပါဦး။"

တိမ်လွှာက ကျွန်တော် ခွံ့ကျွေးသမျှကို မညည်းမညူစားရှာတယ်။ အဲဒီလိုစားနေရင်းနဲ့ ကျွန်‌တော့်ကို စကားစလာလေရဲ့။

"မောင်..."

"ဟင်..."

"ဇာနည်နိုင်နဲ့ ဘယ်တုန်းက ပြန်တွေ့တာလဲ။"

တိမ်လွှာ့ရဲ့မေးခွန်းကို ကျွန်တော် ဘယ်လိုဖြေပေးရမယ်မှန်း မသိပါဘူး။ အဲဒီအချိန်မှာပဲ အခန်းထောင့်နားက ဆိုဖာပေါ်မှာ ဖုန်းထိုင်သုံးနေတဲ့ ဇာနည်နိုင်က ကိုယ်စားဝင်ဖြေပေးခဲ့တယ်။

"နင်တို့ရဲ့မင်္ဂလာပွဲသတင်းကို တခြားသူငယ်ချင်းတွေဆီကနေ ကြားလို့ ချက်ချင်းပြန်လာပြီး ဂုဏ်ပြုပေးတာ။"

မုသားဆိုပေမဲ့ အမှန်ကို ထုတ်ပြောလို့ မဖြစ်နိုင်သေးတဲ့အခြေအနေအတွက် သင့်တော်မဲ့အဖြေပါပဲ။ ကျွန်တော်ကလည်း သူ့အဖြေအတိုင်း ရေလိုက်ငါးလိုက် ဆက်ဖြေပေးခဲ့မိတယ်။

"ဟုတ်တယ်... တိမ်လွှာရဲ့။ ကိုယ်တို့ ပြန်တွေ့တာ သိပ်မကြာသေးဘူး။"

တိမ်လွှာက ဘာမှဆက်မမေးဘဲ ငြိမ်ကျသွားပြန်တယ်။

"တိမ်လွှာ... စားချင်တာရှိရင် ကိုယ့်ကို ပြောလေ။"

ကျွန်တော် ပြော‌တော့ သူက ခေါင်းညိတ်ပြပြီး စဉ်းစား‌နေလေရဲ့။

"ဘုန်းရှိန်ထက်... မင်း ထမင်းမစားသေးဘူးလား။ ထမင်းစားချိန် ကျော်နေပြီ။"

ဇာနည်နိုင်က အလိုက်မသိဝင်ပြောလိုက်ချိန်မှာ တိမ်လွှာက နာရီကို အမြန်မော့ကြည့်ပြီး ‌ပြောခဲ့ရှာတယ်။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now