🌹15🌹

12.7K 1.1K 19
                                    

(Unicode Version)

ဇူလိုင်လ(၁၉)ရက်နေ့မှာ ဖေဖေ့ဆီက ခွင့်ပြုချက်တောင်းပြီး မွေးနေ့ပွဲကို ကျွန်တော် ထွက်လာခဲ့မိတယ်။ ဒါပေမဲ့ တိမ်လွှာက ရောက်မလာခဲ့ပါဘူး။

"ကျူရှင်ချိန်တွေနဲ့ တိုက်နေလို့ မလာဖြစ်ဘူးတဲ့။"

မြတ်နိုးရဲ့စကားကို ကြားချိန်မှာ မွေးနေ့ပွဲကနေ ချက်ချင်းထပြန်ချင်စိတ် ပေါက်သွားလေရဲ့။ တိမ်လွှာနဲ့ တွေ့ချင်လို့သာ ဒီလိုမျိုးလူရှုပ်တဲ့ပွဲတစ်ခုကို ကျွန်တော် အရောက်လာခဲ့တာလေ။

အခုလည်းကျရော မှန်းထားသမျှက လွဲကုန်ပြီဆိုတော့ စိတ်မကြည်မလင်ဖြစ်ပြီး အခန်းထောင့်မှာ ငြိမ်ငြိမ်လေးပဲ သွားထိုင်နေလိုက်မိတယ်။

"ဟေ့ကောင်... ဒီမှာ တစ်ယောက်တည်း ဘာထိုင်လုပ်နေတာလဲ။"

တစ်ယောက်တည်းနေချင်ပါတယ်ဆို သူက တွေ့ဖြစ်အောင် တွေ့သွားသေးတယ်။

"ဘာမှမဖြစ်ပါဘူး။ ဒီလိုမျိုး လူများတဲ့ပွဲကို တစ်ခါမှ မလာဖူးလို့ နေရခက်နေတာ။"

ဘယ်တတ်နိုင်ပါ့မလဲ။ ဒီနေ့က သူ့မွေးနေ့ဆိုတော့ စိတ်ချမ်းသာအောင် လိမ်ပြောလိုက်ရတာပေါ့။

"မင်းရဲ့တိမ်လွှာ မလာလို့မလား။"

'သောက်ရူးကောင်... သိရဲ့သားနဲ့ လာမေးနေသေးတယ်။'

ရစ်နေတဲ့ကောင်ကို ကျွန်တော့်စိတ်ထဲက‌နေ ကျိန်ဆဲပေးလိုက်တယ်။

"ပျော်ပျော်နေစမ်းပါကွာ။ သူငယ်ချင်းတွေ အများကြီးရှိတဲ့ဟာကို။"

ရည်းစားနှစ်ယောက်စလုံးကို မွေးနေ့ပွဲတစ်ခုတည်းမှာ ဖိတ်ထားပြီး သူက လိပ်ပြာလုံလုံနဲ့ ပျော်ရွှင်နေပုံပါပဲ။ ကြားလူဖြစ်တဲ့ ကျွန်တော်ကသာ သူတို့တွေနဲ့ မျက်နှာချင်းမဆိုင်ချင်လို့ ရှောင်နေခဲ့ရတာ။

"မွေးနေ့ကိတ်က ခွဲတော့မှာ။ ကိတ်ခွံ့ကျွေးရင် မင်းကလည်း ငါ့ဘေးနားမှာ ရှိနေမှ ဖြစ်မှာပေါ့။"

"မင်းဘာသာမင်း ခွဲပြီး ငါ့အတွက် ပန်းကန်ထဲ ထည့်ပေးလိုက်ရင် ရတာပဲ။"

"ဘယ်ဖြစ်ပါ့မလဲ။ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို ငါကိုယ်တိုင် ခွံ့ကျွေးမှ ဖြစ်မှာပေါ့။"

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now