🌹11🌹

12.8K 1.1K 17
                                    

(Unicode Version)

"တိမ်လွှာ... ငါ နင်နဲ့ သူငယ်ချင်းဖြစ်ချင်တယ်။"

တိမ်လွှာတို့ကို လိုက်စောင့်ရှောက်ပေးရတဲ့ နောက်ဆုံးနေ့ကို ရောက်လာခဲ့ပြီပဲ။ ဒီနေ့မှ စကားစမပြောရင် အခွင့်အရေးထပ်ရဖို့က မလွယ်ကူတော့ဘူးလေ။

"ငါက ယောက်ျားလေးတွေနဲ့ သူငယ်ချင်းလုပ်လေ့လုပ်ထ မရှိဘူး။"

အဲဒီအဖြေကြောင့် ကျွန်တော် ပျော်မိသလို တစ်ချိန်တည်းမှာ စိတ်လည်း ညစ်မိတယ်။ ယောက်ျားလေးတွေနဲ့ သူငယ်ချင်းမလုပ်တဲ့ တိမ်လွှာက အချစ်ဆို ပိုဝေးပြီပေါ့။

ဒါပေမဲ့ တိမ်လွှာ့ရဲ့အချစ်နဲ့ ဝေးတဲ့အထဲမှာ ကျွန်‌တော် ပါသွားလောက်တယ်။

"ရိုးရိုးတန်းတန်း ခင်ချင်တာဆိုရင်တော့ နင်နဲ့ သူငယ်ချင်းဖြစ်ပေးပါ့မယ်။"

ဒီစကားကလည်း အပေါ်အဖြေနဲ့ ထူးမခြားနားပါပဲ။ တိမ်လွှာနဲ့ ခင်မင်ခွင့်ရလို့ ပျော်ရပေမဲ့ သူငယ်ချင်းအဆင့်ထက် မပိုစေနဲ့လို့ ကြိုပိတ်လိုက်တာမျိုး။

ရလာတဲ့ အခွင့်အရေးကို အရင်ဖမ်းဆုပ်ထားဖို့က ပိုပြီးအရေးကြီးတယ်မလား။ မရိုးသားတဲ့စိတ်ကြောင့် လိပ်ပြာမလုံဖြစ်နေရတာကိုတော့ ခဏမသိချင်ယောင်ဆောင်ထားလိုက်ပါ့မယ်။

တဖြည်းဖြည်းရင်းနှီးလာရင် အဆင့်တက်ဖို့ အခြေအနေကောင်းက ရှိရင် ရှိလာမှာ။

"ငါက ကျောင်းပြောင်းလာတာ မကြာသေးတော့ သူငယ်ချင်းမရှိသေးဘူး။ ဇာနည်နိုင်နဲ့က အခန်းတူလို့သာ ပေါင်းသင်းဖြစ်နေတာ။ အကျင့်ချင်းကျ လုံးဝမတူဘူးလေ။ သူ့ထက်စာရင် နင်က ပိုအဆင်ပြေတာပေါ့။"

ကျွန်တော် လျှောက်ဖြီးလိုက်တာကို တိမ်လွှာက တကယ်ယုံသွားပုံရတယ်။

"ကောင်းပြီလေ။ ငါ သဘောတူပါတယ်။"

ပထမခြေလှမ်းက အောင်မြင်သွားတယ်လို့ ဆိုရမှာပဲ။ တိမ်လွှာရော ကျွန်တော်ရောက အချစ်ရေးမှာ အတွေ့အကြုံမရှိသေးတော့ ဖြည်းဖြည်းချင်း ဇာတ်လမ်းစတာက ပိုပြီးအဆင်ပြေလောက်တယ်။

အဲဒီနေ့က တိမ်လွှာတို့ကို ပြန်ပို့ပြီး အခန်းဆီ ပြန်လာတဲ့လမ်းမှာ ပြဿနာကောင်က ကျွန်တော့်ကို အခြေအနေလာမေးခဲ့တယ်။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Donde viven las historias. Descúbrelo ahora