🌹25🌹

12.6K 1.1K 49
                                    

(Unicode Version)

ဆယ်တန်းနှစ်အတွက် ကျောင်းစဖွင့်တဲ့နေ့က အိမ်ပြန်ချိန်မှာ မိုးက သဲကြီးမဲကြီးရွာချခဲ့တယ်။ ဆယ်တန်းဆောင်ကနေ ဂိတ်ဝအထိပဲ လမ်းလျှောက်ပေမဲ့ အဲဒီခဏလေးအတွင်းမှာ တစ်ကိုယ်လုံးရွှဲရွှဲစိုသွားခဲ့တာ။

ဇာနည်နိုင်က ထီးမပါတော့ နှစ်ယောက်အတူကပ်ဆောင်းရင်းနဲ့ ပိုစိုသွားလေရဲ့။ ကျောင်းက အပြန်မှာ ကျူရှင်ကလည်း ဆက်ရှိသေးတယ်။

အဲဒါကြောင့် သူက ကျွန်တော်နဲ့အတူ အိမ်ကိုပဲ လိုက်ခဲ့ရတာပေါ့။

"မင်း အရင်၀င်ချိုးလိုက်။"

ကျွန်တော်က အိမ်ရှင်မို့ သူ့ကို ဦးစားပေးပြီး ရေချိုးခိုင်းသင့်တယ်မလား။ ဒါပေမဲ့ သူကလည်း ဦးစားပေးတာကို လက်မခံခဲ့ပါဘူး။

"မင်းကိုယ်မင်း မှန်ထဲ ပြန်ကြည့်လိုက်ဦး။ နှုတ်ခမ်းတွေ ပြာနှမ်းပြီးတော့ တစ်ကိုယ်လုံးတုန်နေပြီ။ ငါက အအေးဒဏ်ခံနိုင်တယ်။ ဘာမှမဖြစ်ဘူး။"

ကျွန်တော် အအေးကြောက်တတ်မှန်း သူက သိထားပုံပါပဲ။

"မင်း အရင်သွားချိုးလိုက်။ ငါက ရ... ဟပ်ချိုး..."

သန်မာချင်ယောင်ဆောင်ပြီး ပြော‌နေတုန်းမှာ ခန္ဓာကိုယ်က အလိမ်ဖော်ပေးလိုက်ပြီလေ။

"ဒီလောက်တောင် ပြောရခက်နေတာ။ လာ... ငါနဲ့ ရေအတူတူသွားချိုးမယ်။"

သူနဲ့ ရေအတူချိုးရမယ်ဆိုတဲ့ စကားကို ကြားတော့ ကြက်သီး‌မွေးညင်းတွေတောင် ထလာလေရဲ့။

"ဘာ... ဘာလို့ အတူချိုးရမှာလဲ။ ငါ့ဘာသာငါ အရင်သွားချိုးလိုက်မယ်။"

ပြောပြောဆိုဆိုနဲ့ပဲ ရေချိုးခန်းထဲကို ကျွန်တော် အမြန်ပြေးဝင်ခဲ့မိတယ်။ သေချာစဉ်းစားကြည့်ရင် ယောက်ျားလေးနှစ်‌ယောက် ရေအတူချိုးတယ်ဆိုတာက သိပ်မထူးဆန်းပါဘူး။

ဒါဆို ကျွန်တော်က ဘာလို့ ရှက်နေတာလဲ။

တစ်စုံတစ်ယောက်ရဲ့အရှေ့မှာ ခန္ဓာကိုယ်ကို ထုတ်မပြဖူးလို့ ရှက်တာလား။
အဲဒီလူက သူ ဖြစ်နေလို့ ရှက်တာလား။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now