🌹10🌹

13.8K 1.2K 6
                                    

(Unicode Version)

သက်တော်စောင့်အနေနဲ့ ‌တာဝန်ထမ်းဆောင်ရတဲ့ ပထမဆုံးနေ့မှာ ပြဿနာကောင်ကို အကူအညီလာတောင်းတဲ့ အကြောင်းအရင်းကို ကျွန်တော် သိခွင့်လိုက်ရတယ်။ တိမ်လွှာ့သူငယ်ချင်း မြတ်နိုးဆိုတဲ့ ကောင်မလေးက အဲဒီကောင်ကို သဘောကျနေတာလေ။

'သဘောကျတယ်' လို့ တိုက်ရိုက်ဖွင့်မပြောပေမဲ့ ရေလာမြောင်းပေးစကားတွေကြောင့် ကျွန်တော် အံ့အားသင့်ခဲ့ရသေးတယ်။

"ဇာနည်နိုင်... နင်က ဘယ်လိုမုန့်မျိုးကို ကြိုက်တတ်တာလဲ။"

ပြဿနာကောင်က ကျွန်တော့်ရှေ့မှာလိုမျိုး စပ်ဖြဲဖြဲနဲ့ မဟုတ်ဘဲ အထာကြီးနဲ့ တည်ငြိမ်ချင်ယောင်ဆောင်နေလေရဲ့။

"ဘာပဲဖြစ်ဖြစ် စားပါတယ်။"

"နင်တို့နှစ်ယောက်က ငါတို့ကို လိုက်စောင့်ရှောက်ပေးနေတာဆိုတော့ ကျေးဇူးတင်တဲ့အနေနဲ့ ၀ယ်ကျွေးချင်လို့ပါ။"

တကယ်တော့ မြတ်နိုး မုန့်ဝယ်ကျွေးချင်တဲ့သူထဲမှာ ကျွန်တော် မပါပါဘူး။ ဒီအတိုင်းပဲ လူကြားကောင်းအောင်လို့ ကျွန်တော့်ကို ဆွဲထည့်ပေးလိုက်တာ။

ဒါပေမဲ့ ကျွန်တော့်ဘက်ကလည်း အရှုံးမရှိပါဘူး။ တိမ်လွှာ့အနားမှာ နီးနီးကပ်ကပ် နေခွင့်ရတာက အလွယ်တကူရနိုင်တဲ့ အခွင့်အရေးမျိုး မဟုတ်တာပဲ။

"ဘုန်းရှိန်ထက်... မင်း ဘာစားချင်လဲ။"

မျက်စိရှေ့က နတ်သမီးလေးကို မြင်နေရရုံနဲ့ ကျွန်တော့်ဗိုက်က အလိုလိုပြည့်နေတာကို ဒီကောင်က‌တော့ ဘယ်နားလည်ပါ့မလဲ။

"မင်းဘာသာမင်း ကြိုက်တာမှာပေါ့။ ငါနဲ့ ဘာဆိုင်လို့လဲ။"

"ဘာလဲ။ ဗိုက်က အလိုလိုပြည့်နေပြီလား။"

ရှေ့နောက်မကြည့်ဘဲ တည့်တိုးပြောချတတ်တဲ့ကောင်ကို ကျွန်တော် အသေသတ်ပစ်ချင်လိုက်တာ။ သူ့စကားကြောင့် တိမ်လွှာ ရိပ်မိသွားရင် ဘယ်လိုလုပ်မလဲ။

'ဇာတ်လမ်းက စမလို့ ကြံရုံရှိသေး၊ အငြင်းခံရရင် သွားပြီ။'

အဲဒီအတွေးဝင်မိတော့ ကျွန်တော့်စိတ်ထဲမှာ မလုံမလဲဖြစ်လာပြီး တိမ်လွှာ့ကို မသိမသာလှမ်းကြည့်လိုက်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ... တိမ်လွှာကလည်း ကျွန်တော့်ကို လှမ်းကြည့်တဲ့အချိန်နဲ့ တန်းတိုးပါလေရော။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Donde viven las historias. Descúbrelo ahora