Unit - 4 ( Uni +Zaw )

5.2K 962 130
                                    

ဝမ်ရိပေါ်ရဲ့ လိုတာထက်ပိုတဲ့ ခါးသီးငြင်းဆန်တဲ့သူ့စကားတွေ
ရှောင်းကျန့်အတွက် ရိုက်ချက်ပြင်းတဲ့ လှိုင်းတံပိုးတွေလို....

ကိုယ့်အကြောင်းကိုယ်သိတာမို့ ရိပ်မိသလိုဖြစ်နေပေမယ့် ကိုယ့်ကိုလက်မခံတဲ့ ဒီလိုသူစိမ်းတစ်ယောက်ရှေ့မှာ ဘူးပေါ်သလို ပေါ်ချလာဖို့တော့ တကယ်မဖြစ်စေချင်ခဲ့ပါ..

ရိပေါ်က သူစိမ်းလား..?
ရှောင်းကျန့်အတွက်တော့ သူစိမ်းကောင်လေးတစ်ယောက်ပါ..
ဒါပေမဲ့ ကလေးလေးအတွက် သူက အဖေဖြစ်နေခဲ့တယ်..

" ရှောင်းကျန့်.. ဒါကို ဘယ်လိုလုပ်ကြမလဲ..
တကယ်ပဲ ဆိုးဝါးလိုက်တာ.. ခင်ဗျား ကိုယ့်အကြောင်းကိုယ်သိရင်လည်း ဆင်ခြင်လေဗျာ.. ကျစ်.. !!"

အမြဲတစေ သေသပ်စွာပုံသွင်းထားတဲ့ ရိပေါ်ရဲ့ ဆံပင်တိုတွေဟာ အခုတော့ စိတ်ရှုပ်ထွေးစွာနဲ့ ဆွဲဖွထားတဲ့ သူ့လက်တွေကြားမှာ ပုံပျက်နေခဲ့ပြီ..

ဘယ်လောက်ပင် မထင်ထားတဲ့ ကိစ္စဖြစ်ပါစေဦး.. ဝမ်ရိပေါ် တုန့်ပြန်ချက်တွေကဆိုးသည်.. ရိုင်းသည်.. တာဝန်မဲ့လွန်းသည်..

ရှောင်းကျန့်က ခံရတဲ့သူဖြစ်ပေမယ့် အမြဲပင်အရင်အပြစ်တင်ခံရသည်..

တစ်ဖက်သတ် ပုတ်ခတ်မှုတွေကို သည်းမခံနိုင်တော့တဲ့အဆုံးမှာ ရှောင်းကျန့်ရဲ့ ရေခဲလွှာအောက်က ငရဲမီးပမာပြင်းတဲ့ ဒေါသကတိုးထွက်လာပြီထင့်..

" ဘာလို့ ငါ့ကိုအပြစ်လာတင်နေရတာလဲ ဝမ်ရိပေါ်..
ဒါက ငါတစ်ယောက်တည်းကြောင့်လား.. ငါက မင်းကို တက်လုပ်ခဲ့တာလား..!"

" ဘာ.!!! ခင်ဗျား ကျုပ်ကို ဘယ်လို ခေါ်လိုက်တာ..!! ခင်ဗျားက ဘယ်အဆင့်ကမို့ ကျူပ်ကို ဒီလိုလာခေါ်တာလဲ.. ဟမ်..!! ခင်ဗျားသာ လျှာရှည်ပြီး ကျုပ်အခန်းထဲ လိုက်မလာရင် အဲ့ဗိုက်ထဲက သတ္တဝါက ဖြစ်လာမလား.. ပြောစမ်းပါ.. ပြော.."

အိမ်ရှေ့စံတစ်ယောက်ရဲ့ ပုံရိပ်တွေပါ ပျောက်ဆုံးတဲ့အထိ ရှုပ်ထွေးနေတဲ့ ရိပေါ်ရဲ့ စိတ်ထက်မြန်တဲ့ လက်တွေက အားကြီးစွာနဲ့ ရှောင်းကျန့်ရဲ့ ပါးကို ဖိညှပ်ထားတာ ပါးစောင်တွေပင်တင်းပြီး ကျင်တက်လာတဲ့အထိ...

| THE  PRINCE | [ Male Prag ]Where stories live. Discover now