ရွှေမင်းသားလေးက ကျောင်းဖွင့်တဲ့အချိန်မှာ လူကိုမမြင်ရပေမယ့် သတင်းတွေကတော့ တလွင့်လွင့်နဲ့ပါ..
သံအမတ်ကြီးသမီးနဲ့ ဘာလိုလိုလူတွေပြောနေကြတာတွေအပြင် ဘတ်စကတ်ဘောဆော့ချိန်ဆို ကွင်းလုံးပြည့်သွားတတ်တဲ့ အားကစားခန်းမအကြောင်း အစရှိတာတွေက ရှောင်းကျန့်တို့လို ဂုဏ်ထူးတန်းတွေဘက်အထိပါ
သတင်းကသဲ့သဲ့...ရှောင်းကျန့်လို သူငယ်ချင်းမရှိတဲ့သူတောင် အတန်းထဲကလူတွေရဲ့ ခပ်ကျယ်ကျယ် အားကျသံတွေကြောင့် သိနေသည်မဟုတ်ပါမလား..
အိမ်မက်ဆိုးဖြစ်ပြီး ၂ ပတ်ကျော်ကြာသည်အထိ ရှောင်းကျန့်တို့လည်း ထပ်မတွေ့ဖြစ်သလို ရှောင်းကျန့်လည်း ထိုကိစ္စကို ဘယ်သူ့ကိုမှ မပြောဖြစ်..
သင်လက်စ ဆရာကအချိန်ပြည့်လို့ထွက်သွားပြီဖြစ်သလို နေ့လယ်စာစားချိန်ရောက်လာတာကြောင့် ကန်တင်းသွားဖို့ထွက်လာလိုက်တယ်...
ရှောင်းကျန့်တို့ကျောင်းက တရုတ်ပြည်မှာ အကောင်းဆုံးလို့ပြောလို့ရတဲ့အထဲမှာ ကန်တင်းကြောင့်လည်းပါမယ်..
ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကစာဖိုမှုးတွေက ဒီကျောင်းမှာ အလုပ်ရဖို့ အမြဲတန်းစီနေကြတာလေ.. လစာက အရမ်းမက်စရာကောင်းတာကြောင့်ပေါ့..
ထလိုက်တော့ လူက မိုက် ခနဲ ဖြစ်သွားတာမိူ့ ဘေးနားက စားပွဲကို တိုက်မိသွားတာကြောင့် အနည်းငယ်နာသွားရသည်..
ရှောင်းကျန့်က ငယ်ငယ်ကတည်းက သွေးအားနည်းတတ်တာကြောင့် ခဏခဏ ဒီလိုမူးတတ်တယ်..အခုလည်း ကျောင်းဖွင့်ကာစရှိသေးတယ် စာကို အရမ်းဂရုစိုက်နေမိတော့ ပြန်ဖြစ်ပြန်ပြီထင်သည်..
ကန်တင်းကို ဝင်ဝင်ချင်းလူတိုင်းစားနေကြတဲ့ အစားအသောက်အနံ့တွေကြောင့် ပျိူ့တက်လာတဲ့ ရှောင်းကျန့် ထိုးအန်မိတော့မတတ်ဖြစ်သွားတယ်.. ဘယ်လောက်ပဲ မြင့်မြတ်တဲ့အိမ်တော်က သခင်လေးဖြစ်နေပါစေ သူများတွေစားနေချိန်မှာ ဒီလိုပြုမူတာရိုင်းတာမို့ ရှောင်းကျန့်စိတ်ကို ထိန်းပြီး ဝင်ဖို့ ပြင်လိုက်ပေမယ့် မရချေ..