ဘယ်တုန်းကမှ အဆင်မပြေခဲ့တဲ့ ရိပေါ်နဲ့ ရှောင်းကျန့်က အခုတော့ မိသားစုအစည်းအဝေးရဲ့ အလယ်မှာ တိတ်ဆိတ်စွာနဲ့ထိုင်နေခဲ့တယ်...ဟူတ်ပါတယ်.. နန်းတော်ထဲက တော်ဝင်မိသားစုတွေချည်း ကျင်းပလေ့ရှိတဲ့ အစည်းဝေးခန်းမဆောင်မှာ ရှောင်းအိမ်တော်က အရေးပါတဲ့လူတစ်ချို့ပါရှိနေခဲ့ကြတယ်..
တကယ်တမ်းက သူတို့၂ယောက်လုံးက သူတို့အပူနဲ့သူတို့မို့ ဒီဝင်ရိုးပေါ်မှာလည်ပတ်နေတာ... တကယ်အစစ်အမှန်လက်တွေ့ဘဝမှာက ဝမ်ရိပေါ် နဲ့ရှောင်းကျန့် ၂ယောက်လုံးက အသိုင်းအဝိုင်းသိပ်ကြီးလွန်းတယ်.. သူတို့ ဘာလုပ်လုပ် ၂ ယောက်တည်း တိုးတိုးတိတ်တိတ် လုပ်ဖို့က သိပ်ခက်တယ်လေ..
နောက်ဆုံးတော့ ဝမ်ရိပေါ်က သူ့မိဘတွေနဲ့ အဖိုးအဖွားတွေကို ဖွင့်ပြောလိုက်ပါတယ်..
သိသိချင်းမှာ ဘွားတော် (အဖွား) ကမေ့လဲသွားတာမို့ အတော်လေးဂယက်ကကြီးသွားသေးတယ်...
ရှောင်းကျန့်အမေကလည်း အိမ်မက်ယောင်တဲ့သူလို တော်ဝင်မိသားစုရဲ့ အသိပေးတဲ့စကားကို နားထောင်နေရတယ်.. စစ်ဗိုလ်ချူပ်ရဲ့ မိသားစုဝင်တွေပီပီ ရှောင်းကျန့်ရဲ့ မိသားစုတွေက ရိုးရိုးအအတွေမဟုတ်တော့ ဒီအသိုင်းဝိုင်းမှာ ဒါက ဘယ်အထိ တာသွားမလဲဆိုတာ သူတို့သိပြီးသား..
ဘေးချင်းကပ်ရပ်ထိုင်နေတဲ့ ရှောင်းကျန့်က အောက်နှုတ်ခမ်းကို စိတ်လှုပ်ရှားစွာဖိကိုက်နေတာ ဝမ်ရိပေါ်မြင်နေရတယ်..
ဈေးကြီးကြီး brand တစ်ခုရဲ့ ချည်ပိုးသားပျော့ပျော့ အဖြူရောင် ခပ်ပွပွအကျီထဲမှာ မြှုပ်နေတဲ့ ရှောင်းကျန့်က သူ့ကိုယ်သူ မုဆိုးတွေဝိုင်းတာခံနေရတဲ့ ယုန်ငယ်လေးလို ခံစားနေရလား ဝမ်ရိပေါ်လည်းမသိပါ..
သူကိုယ်တိုင်တောင် ကိုယ့်ရင်ခုန်သံကိုယ်ပြန်ကြားနေရတဲ့ ဒီအချိန်မှာ ရှောင်းကျန့်ရဲ့ တုန်ယင်နေတဲ့ လက်ဖျားတွေ အေးစက်နေနိုင်မှန်းသိပေမယ့် ရိပေါ် လှမ်းဆုပ်ကိုင်ပြီး အားမပေးမိ....
တော်ဝင်မိသားစုက ဒီကလေးကို ဘယ်လိုမှစွန့်ပစ်မှာမဟုတ်ဘူး.. ရှောင်းအိမ်ဘက်က မျက်စိမှိတ်လက်ခံဖို့အတွက်ကလည်း ဒီမိသားစုက ရေပေါ်ဆီလို ပေါ့ပေါ့တန်တန်မိသားစုမဟုတ်ဘူး.. တော်ဝင်မိသားစုနီးပါး မျိုးနဲ့ရိုးနဲ့ တရုတ်ပြည်ကို လွှမ်းမိုးနိုင်တဲ့ မျိုးရိုးကြီးမျိုး...