Unit - 1 ( Uni + Zaw )

13.7K 944 20
                                    

အရှေ့က မျက်ကွင်းဟောက်ပက်နဲ့ ကောင်လေးကို ကြည့်ရင်း ဝမ်ရိပေါ် သက်ပြင်းချလိုက်တယ်..

ယောကျာ်းလေးဖြစ်ပြီး နုအုနေလိုက်တာ...
ကိုယ့်လောက်မဖြူတဲ့အသားပေမယ့် ခုန်အုပ်ပစ်ချင်စရာ..

အေးလေ.. ဒါကြောင့်လည်း အဲ့နေ့ညက...

ဟင်းးး ..

ရိပေါ် သက်ပြင်းချလိုက်တယ်.. ဒါပေမဲ့ ဒီကိစ္စက ဒီမှာ မပြီးတာမိူ့ ပြောစရာရှိတာပြောရဦးမယ်..

" နာမည်က ရှောင်းကျန့်နော်... အဲ့နေ့ညက ခင်ဗျားဆိုတာ သေချာတာမို့လို့ ကျနော်ပြောတာနားထောင် .."

ဘာတစ်ခွန်းမှမပြောပေမယ့် အောက်နှုတ်ခမ်းကို အားယူသလိုဖိကိုက်လိုက်တာကြောင့် ရိပေါ်သွေးတွေက ဖျင်းခနဲ..

" ကျနော်တို့ ဖြစ်ခဲ့တဲ့ ကိစ္စကို ဘယ်သူ့ကိုမှ မသိစေချင်လို့ ခင်ဗျားကို ချက်ချင်းရှာတာ.. ဒီကြယ်သီးကြောင့် တစ်ပတ်အတွင်းခင်ဗျားနဲ့ တွေ့ပေမယ့် ဘယ်သူ့ကိုမှတော့ မပြောရသေးဘူးမလား ... "

ရိပေါ် စကားကြောင့် ရှောင်းကျန့်ဆိုတဲ့ကောင်လေးက ခေါင်းကို တရက်စက်ငြိမ့်ပြတယ်..

ပြောရရင် နန်းတွင်းအသိုင်းဝိုင်းနဲ့ မစိမ်းလှတဲ့ အိမ်တော်အဆင့်က ဒီသခင်လေးက ဘာတွေများ ဒီလောက် မဝံ့မရဲဖြစ်နေရသနည်း..

ရိပေါ် အပေါင်းသင်းတွေထဲမှာလည်း အိမ်တော်ကသားတွေပါတာမို့ သူ့လိုအိမ်ရှေ့စံကိုမကျော်ပေမယ့် သူ့နီးပါး အဆိပ်ပြင်းကြတဲ့ ကောင်တွေပါ..

ရှောင်အိမ်တော်ဆိုတာကလည်း နန်းတော်ရဲ့ ချီးမြှင့်ခံ အိမ်တော်ထဲကတစ်ခုမို့ သတ်မှတ်ထားတဲ့ တံဆိပ်ရှိပြီး ထိုတံဆိပ်ကိုအသုံးအဆောင်တွေပေါ်မှာ ပုံနှိပ်ပြီး ဂုဏ်ယူစွာအသုံးပြုကြတာပင်..

ဒါကြောင့်လည်းရိပေါ်က အခန်းထဲမှာ ကျန်နေခဲ့တဲ့ ထိုကြယ်သီးတစ်လုံးကြောင့် သူနဲ့မှားခဲ့တဲ့ အမျိူးသားတစ်ယောက်ကို ချက်ချင်းသိပြီးရှာနိုင်ခဲ့တာ..

ဒါတောင် တစ်ပတ်လောက် ကြာသွားအောင် အရှေ့က ပုဂ္ဂိုလ်ကပုန်းနေနိုင်တာချီးကျူးစရာပင်..

| THE  PRINCE | [ Male Prag ]Where stories live. Discover now