ရေချိုးခန်းထဲက ရေဆွဲချသံကြောင့် ရိပေါ်နိုးလာတော့ တစ်ဖက် ကုတင်မှာ ရှောင်းကျန့်ရှိမနေ..နာရီကိုလှမ်းကြည့်တော့ မနက် ၂ နာရီ..
" ရှောင်ကျန့်... အဆင်ပြေရဲ့လား .. ? "
အန်နေပြီမှန်းသိတာမို့ မေးရင်းနဲ့ ရေချိုးခန်းထဲကို အပြေးလိုက်ဝင်သွားတော့ ကမုတ်ဘေးမှာ ငုတ်တုပ်ထိုင်နေတဲ့ ရှောင်းကျန့်က ရိပေါ်ကို တွေ့တော့ ကပျာကယာနဲ့
ကျန်နေသေးတယ်ထင်ရတဲ့ အန်ဖတ်တစ်ချို့ကို ရေဆွဲချပြီး အဖုံးကို အုပ်လိုက်တယ်..
" ရတယ်.. ကျနော် အဆင်ပြေပါတယ်.. ဝမ်ရိပေါ် "
ရတယ်သာပြောတဲ့ ရှောင်းကျန့်က ထမလာတာကြောင့် ရိပေါ်သာ အနားကို တိုးသွားပြီး လက်မောင်း၂ဖက်ကို အသာပွေ့ကာထူလိုက်တော့ အလိုက်သင့်လေးပါလာတာတဲ့ ရှောင်းကျန့်က ပျော့ခွေခွေလေး..
မူလတိုင်ပင်ထားတဲ့အစီအစဉ်နဲ့ ကွဲလွဲစွာပင် ရှောင်းကျန့်က ရိပေါ်ရဲ့ ကွန်ဒိုမှာ တိတ်တဆိတ်နေထိုင်နေတာ ၁ လပြည့်တော့မယ်...
သန္ဓေသားလေးဟာ ၇ ပတ်ထဲမှာ...
ရှောင်ကျန့်ဟာ morning sickness ကို မနက်တင်မဟုတ်ဘဲ 24 hrs လုံး ခံစားနေရတယ်... ဒါကြောင့် ရိပေါ်လည်း ဒီလအတွင်း အိပ်ရေးပျက်ပေါင်းမနဲ...
ရိပေါ် က ရှောင်းကျန့်ကို ကုတင်ပေါ်လှဲစေလိုက်ပြီး စောင်ကို ဆွဲခြုံပေးလိုက်တယ်...
အပူကိုမခံနိုင်တဲ့ ရှောင်းကျန့်နဲ့ အအေးကိုမကြိုက်တဲ့ ဝမ်ရိပေါ်တို့၂ယောက် အခန်းတစ်ခုထဲမှာ ရှိနေရတာ ထင်သလောက် အဆင်မပြေလှပါ...
ရှောင်ကျန့်ရဲ့ ကုတင်က ပြတင်းပေါက်ဘက်နားမှာဖြစ်ပြီး လိုက်ကာကို မ တင်လိုက်ရင်ကြယ်တွေကိုမှန်ပြတင်းကတစ်ဆင့်မြင်ရတယ်...
စောင်ကိုပြန်ဆွဲခွာတဲ့ ရှောင်းကျန့်ရဲ့ လက်ကို ရိပေါ်က လှမ်းဆွဲလိုက်ပြီး..
" စောင်ကိုခြုံထား.. ခင်ဗျားခြေဖျားတွေ အေးစက်နေတာပဲ... "
air con ကိုနည်းနည်းတင်ပေးလိုက်ရင်း ရှောင်းကျန့်ကို စောင်နဲ့ လုံနေအောင် ရိပေါ်ထုပ်လိုက်တယ်..