ဒီနေ့က ရှောင်းကျန့် ရဲ့ မွေးနေ့... ဒါက မိသားစုဝင်တွေပဲ သိတဲ့ မွေးနေလို့ပြောရမလား..
ကျိန်စာကရှောင်နိုင်ဖို့ ရှောင်းကျန့်ရဲ့ လူအများသိသောမွေးနေ့က တကယ့်မွေးနေ့အစစ်တော့မဟုတ်..ဘယ်လိုပဲဖြစ်ဖြစ် ကျိန်စာက မရှောင်နိုင်ခဲ့တာ ရှောင်းကျန့်ပဲသိသည်..
ထမင်းစားပွဲမှာ အတူရှိနေကြတဲ့ မိသားစုဝင်တွေကို ကြည့်ရင်း ရှောင်းကျန့် သက်ပြင်းအသာကြိတ်ချတယ်..
ရှောင်းအိမ်တော်ရဲ့ မိသားစုဝင်တွေ အစုံအလင်နီးပါးပဲမို့ ဘဲဥပုံ ကျောက်စိမ်းစားပွဲကြီးတစ်ဖက်တစ်ချက်စီမှာ လူတိုင်းကသူ့အာရုံနဲ့သူမို့ ရှောင်းကျန့်မူပျက်နေတာကို သတိမထားမိကြ..
" ကျန့်ကျန့်.. ညမအိပ်ဘူးလား.. မျက်ကွင်းတွေလည်းညိုလို့.. အသားရေတွေလည်းခြောက်နေတယ်.."
ဆရာဝန်ဖြစ်တလဲ ဆေးရုံအုပ်ဖြစ်နေတဲ့ နံပါတ် ၆ အမက လှမ်းမေးတော့ ရှောင်းကျန့်မှာ မလုံမလဲနဲ့ လိမ်ရသေးသည်..
" အဲ.. ကျနော်် ဒီရက်ပိုင်း စာလုပ်စရာတွေများနေလို့ .."
ရှောင်းကျန့်အကြောင်းပြချက်က ဖြစ်နေကျအကြောင်းအရာပဲမို့ အကုန်လုံးကကျန်းမာရေးဂရုစိုက်ဖို့သာ အလေးပေးပြောလာကြတယ်...
ရှောင်းကျန့်တွေးမိတယ်..သူသာမိန်းကလေးဖြစ်နေရင် သမာရိုးကျပဲမို့ သူ့ကလေးလေးက ရှောင်အိမ်တော်မှာ သည်းသည်းလှုပ်ခံရဦးမှာပဲဆိုတာမျိူးပေါ့...
မတတ်နိုင်စွာပဲ သူ့လို သမာရိုးကျမဟုတ်တဲ့ ဒီခန္တာကိုယ်မှာလာတွယ်ငြိတော့ ကလေးလေးလည်း ပင်ပန်းမှာ အသေချာပဲ..
" ကျနော် အကုန်လုံးကို အသိပေးစရာရှိတယ်.."
မွေးနေ့ရှင်ဖြစ်တဲ့ ရှောင်းကျန့်စကားကြောင့် ဖိုးဖိုးကစလိူ့ ထမင်းတစ်ဝိုင်းလုံးလိုတာထက် ပိုတိတ်ဆိတ်သွားတယ်...
မွေးနေ့လက်ဆောင်ကိုရှောင်းကျန့် ပါးစပ်ဟ လိုက်တာနဲ့ ဘာမဆို ဝယ်ပေးမှာ မရှိတောင်ရှိအောင် ဖန်တီးပေးမှာဆိုတဲ့ အကြည့်တွေကို ရှောင်းကျန့်ဝေ့ဝဲကြည့်လိုက်ရင်း ဆုံးဖြတ်ပြီးသားကိစ္စကို ထုတ်ပြောလိုက်တယ်..