အခန်း (၃) လရောင်အောက်က လူ - ၃

887 136 7
                                    

UNICODE

အပြန်လမ်းမှာတော့ သုတ်သီး သုတ်ပြာ သွားလာနေကြသော လူအချို့ကို တွေ့ရသည်။ ၎င်းတို့အားလုံး၏ အသွင်မှာ မာမီမြ ကဲ့သို့ပင် တစ်စုံတစ်ခုကို ပူပန်ဟန်နှင့် အလျင်စလို ဖြစ်နေကြသည်။

ဝတ်ရည်ချိုသည် တစ်ယောက်တည်း လျှောက်လာရင်း သူမနေရသည့် အဆောင်ကို ရောက်လာ ခဲ့သည်။ အဆောင်က အစိုးရ ဝန်ထမ်းအိမ်ရာ တိုက်ခန်းတွဲ ပုံစံမျိုး ဖြစ်သည်။ ဝတ်ရည်ချို အပေါ်တက် လာခဲ့သည်။ အပေါ်ထပ်မှာ သူမ ထွက်လာစဉ်က အတိုင်း တိတ်ဆိတ်နေလျက်ပင်။ ပိတ်ထားသော အခန်း တံခါးရှေ့မှ ဖြတ်လျှောက်လာရင်း ဆရာဝန်မ နှစ်ယောက်နေသော အခန်းက ဘယ်အခန်းတွေ ဖြစ်မလဲ ဆိုတာကို သိချင်စိတ်ဖြစ်မိသည်။

အပေါ်ထပ်တွင် အခန်းခြောက်ခန်း ရှိသည့်အနက် ဒုတိယမြောက် အခန်းက ဝတ်ရည်ချို၏ အခန်း ဖြစ်သည်။ အခန်းရှေ့ကို ရောက်လာသော်လည်း အထဲ မဝင်သေးဘဲ ဆက်လျှောက် ကြည့်သည်။ ကော်ရစ်ဒါ ဆုံးသောအခါ အများသုံးရေချိုးခန်းကို ရောက်သည်။ ရေချိုးခန်းကို မြင်သောအခါ မအိပ်ခင် ရေထပ်ချိုးချင်စိတ် ပေါ်လာသည်။ သို့နှင့် အခန်းကိုပြန်၍ မျက်နှာသုတ်ပုဝါကို ပုခုံးပေါ်တင်ကာ ကိုယ် သုတ်တဘက်၊ ညအိပ်ဂါဝန်တစ်ထည်နှင့် ဆံညှပ်တစ်ခုကို လက်မှာကိုင်ပြီး ရေချိုးရန် ပြန်ထွက်လာ ခဲ့သည်။

အများသုံးရေချိုးခန်းက အခန်းကျယ်ဖြစ်ပြီး အခန်းထဲ ဝင်ဝင်ချင်း လက်ဝဲဘက်အခြမ်းတွင် ရေချိုးခန်း အခန်းငယ် သုံးခန်းရှိသည်။ လက်ယာဘက်တွင် ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ် ချိတ်ထား သည်။ မှန်ရဲ့ဘေး တစ်ဖက်တစ်ချက်စီမှာ အဝတ်တင်ရန်အတွက် အထပ်သုံးထပ်ပါသော သစ်သားစင် တစ်ခုစီ ရှိသည်။ ကန့်ထားသော အခန်းလေးတွေရဲ့ တံခါးဟာ မျက်နှာကျက်မှ နှစ်တောင်ခန့် ဟထားပြီး ကြမ်းခင်းမှ တစ်တောင်ခန့် ခွာထားသည်။ အခန်းသုံးခန်းလုံး တံခါးစေ့ပိတ်ထားသော်လည်း သည်အထဲ မှာ မည်သူမျှ မရှိမှန်း သိသာသည်။ အပေါ်ထပ် တစ်ထပ်လုံးမှာ မည်သူမှ ရှိမနေတာလည်း ဖြစ်နိုင်သည်။

အခန်း သုံးခန်းအနက် အလယ်ခန်း၏ တံခါးလက်ကိုင်ဖုကို လှည့်ဖွင့်လိုက်သည်။ အခန်းက အတော်လေး ကျဉ်းသည်။ အထဲမှာ Shower ချိုးရန် ရေပန်းနှင့် ဘိုထိုင်အိမ်သာ ရှိသည်။ မှန်ရှေ့ကို ပြန်လာပြီး ပုခုံးပေါ်မှ မျက်နှာသုတ်ပုဝါနှင့် လက်ထဲမှ ပစ္စည်းတွေကို သစ်သားစင်ရဲ့ အပေါ်ဆုံးထပ်မှာ တင်လိုက်သည်။ ဝတ်ထားသော ရင်ဖုံးအင်္ကျီနှင့် ပတ်ထမီကို ချွတ်လိုက်ချိန်မှာ စိတ်ထဲမလုံမလဲ ခံစားလိုက်ရသည်။

လျှို့ဝှက်ဆေးရုံWhere stories live. Discover now