အခန်း (၇) ဘာကို ယုံကြည်ရမလဲ - ၁

632 112 18
                                    

UNICODE

အခန်းထဲဝင်လာသည့် မေသူ့လက်တစ်ဖက်မှာ ရေသန့်ပုလင်းတစ်လုံးနှင့် နောက်လက်တစ်ဖက် မှာတော့ ဘိုင်အိုဂျက်ဆစ် ဆေးကဒ်တစ်ကဒ်။

ဘယ်သူ လာထားသွားမှန်း မသိသည့် ဆေးပြားတစ်ပြားကို မြိုချလိုက်မိသည့် မိမိလည်မြိုကို ဝတ်ရည်ချို ယောင်ရမ်းပြီး စမ်းလိုက်မိသည်။ ဘာမှန်းမသိတဲ့ ဆေးပြားကတော့ ဗိုက်ထဲကို ရောက်သွား ရှာလေပြီ…။

"ဘာဖြစ်လို့လဲ မမ"

တုန်လှုပ်ပြီး မျက်စိမျက်နှာပျက်နေသည့် ဝတ်ရည်ချိုကို မေသူ မေးသည်။

"အစ်မ အဆောင်ခဏပြန်လိုက်ဦးမယ်"

ဟုပြောပြီး ထိုနေရာမှ ချက်ချင်းထွက်လာခဲ့သည်။ လူသူကင်းရှင်းနေသည့် လမ်းတလျှောက် နောက်ကျောမလုံစွာ အလောတကြီး လျှောက်လာခဲ့ပြီး အဆောင်ကို ရောက်သည်နှင့် အခန်းထဲဝင် တံခါးကို ချက်ချင်းပိတ်ပြီး လော့ချလိုက်သည်။ သူမ ခေါင်းထဲမှာ ထူပူနေ၏။

‘ငါလည်ချောင်းထဲ မြိုချလိုက်မိတဲ့ဆေးက ဘာဆေးကြီးလဲ၊ ဒီဆေးကြီး သောက်လိုက်မိသည့် အတွက် ငါ ဘာဖြစ်မှာလဲ၊ ဘယ်သူက ငါ့ကို ဒီလို လုပ်တာလဲ၊ ဘာရည်ရွယ်ချက်နဲ့လုပ်တာလဲ၊ အခု ငါ ဘာလုပ်ရမလဲ’

ထူပူနေသည့် အတွက် သူမ ဘာကိုမှကောင်းကောင်း မစဉ်းစားနိုင်ဘူး ဖြစ်နေသည်။ ကုတင်ပေါ် ထိုင်ချလိုက်ပြီး စိတ်ကိုငြိမ်အောင် ကြိုးစားသည်။ ဒီအချိန်မှာ တံခါးခေါက်သံနှစ်ချက် ကြားလိုက်ရသည်။ သူမ လန့်ပြီး ဆတ်ခနဲတုန်သွားသည်။

ဘယ်သူလာသလဲဆိုတာကို ကြည့်ဖို့အတွက် လော့ချထားသည့် တံခါးကို သွားဖွင့်လိုက်ရမှာကို သူမဝန်လေးနေသည်။ သူမ ကုတင်ပေါ်က ဆင်းလာပြီး တံခါးနားကို လျှောက်လာခဲ့သည်။ ဒါပေမယ့် တံခါးကိုတော့ မဖွင့်သေးဘဲ တုံဆိုင်းနေဆဲ…။ သုံးလေးမိနစ်လောက် ကြာသည့်အထိ နောက်ထပ် တံခါးခေါက်သံ မကြားရသည့်အခါ တံခါးကို ဖွင့်ကြည့်လိုက်သည်။

တံခါးအပြင်မှာ ဘယ်သူမှ မရှိ…။ တံခါးဝမှာ ချထားသည့် ဆေးဘူးတစ်ဘူးကို သူမ ကောက်ယူ လိုက်သည်။ ပါရာစီတမော ဆေးဘူး ဆိုတာကို သူမ တွေ့လိုက်ရသည်။

လျှို့ဝှက်ဆေးရုံHikayelerin yaşadığı yer. Şimdi keşfedin