အခန်း (၉) ဘာကိုယုံကြည်ရမလဲ-၃

616 121 20
                                    

UNICODE

အော်တိုမှန်တံခါးမှ ဝင်လာခဲ့ချိန်မှာပဲ သင်းပျံ့သည့် အဲယားဖရက်ရှန်နာရနံ့နှင့်အတူ အဲယားကွန်းမှလာ သည့် အေးမြသည့်လေကြောင့် လန်းဆန်းသွားရသည်။ နိုင်ငံတကာအဆင့်မီဟု ပြောနိုင်လောက်သည့် ဧည့်ခန်းကျယ်ကြီးနှင့် ဧည့်ကြိုဌာနကို မြင်လိုက်ရသည့်အခါ သူမ အံ့သြမှင်သက်သွားမိသည်။

ပွင့်သွားသည့်တံခါးမှ ဝင်လာခဲ့သည့်အခါ နာ့စ်စတေရှင် တစ်ခုကို အရင်ဆုံး တွေ့လိုက်ရပါသည်။ စတေရှင်ကိုကျော်ပြီး ဆက်လျှောက်လာချိန်မှာတော့ စင်္ကြန် လမ်းတစ်လျှောက် လူနာခန်းတွေကို စပြီး တွေ့ရပါသည်။

"လာ ဆရာမ"

လျှောက်လာရင်းနှင့် အခန်း (၅၀၅) ရှေ့ကို ရောက်သည့်အခါ မာမီမြက ရှေ့မှဦးဆောင်၍ ဝင်သွား သည်။ အခန်းက ပုံမှန် သီးသန့်လူနာခန်းတွေထက် သုံးဆလောက် ပိုကျယ်တာကို တွေ့ရသည်။ အခန်း ထဲမှာ တီဗွီ၊ ရေခဲသေတ္တာနှင့် ပရိဘောဂအစုံအလင် ရှိသည်။ ဒီအခန်းကတော့ လူနာစောင့်တွေ နားနေဖို့ အတွက် ဖြစ်ပုံရပြီး အတွင်းခန်းကတော့ လူနာခန်း ဖြစ်ပုံရပါသည်။

ဝိုင်းအုံနေသည့် သူနာပြုဆရာမ တွေကို အတွင်းခန်းရဲ့ မှန်ပြတင်းကျယ်မှတဆင့် လှမ်းမြင်နေရသည်။ မာမီမြဟာ အတွင်းခန်းတံခါးကို အသာလှည့်ဖွင့်ပြီး ဝင်သွားသည်။ အထဲရောက်သည့်အခါ ဝိုင်းနေသည့် သူနာပြုဆရာမတွေကို ကျော် ဖြတ်ကာ ရှေ့ကို တိုးဝင်သွား၏။ သူမလည်း မာမီမြနောက်မှ ခပ်ခွာခွာလေး လိုက်သွားသည်။

လူနာကုတင်ဘေးတွင်ရပ်ကာ လူနာနှင့် စကားပြောနေသည့် ဆရာကြီးကို ဝတ်ရည်ချို ပထမဆုံး အကြိမ် တွေ့လိုက်ရသည်။ ဆရာကြီးဟုခေါ်သည့် ဒီဆေးရုံ၏တည်ထောင်သူ ဆေးရုံအုပ် ဆရာထွဋ်ခေါင် ဟာ ဂျာနယ်တွေ၊ စာဆောင်တွေထဲမှာ မြင်ရသည့်ပုံထက် အပြင်မှာ အများကြီးပိုနုသည်။ အသက် ငါးဆယ်ကျော်ဟု မထင်ရလောက်အောင် လူငယ်တစ်ယောက်လို သွက်လက်ဖြတ်လတ်နေသည်။ ဆရာကြီးသည် မာမီမြကို မြင်သည်နှင့် ချက်ချင်းပဲ နှုတ်ဆက်လိုက်သည်။

"မာမီမြ ရောက်လာပြီလား၊ ဒီနေ့တော့ ကျွန်တော် ပိုစောတယ်နော်"

လျှို့ဝှက်ဆေးရုံKde žijí příběhy. Začni objevovat