ရင်အစုံကိုခြေဆုံကန်ကာ
ထွက်ပြေးနေချင်သူလေးရယ်..
မင်း,ကိုယ့်အာဏာစက်အောက်က
လွတ်နိုင်မည်တဲ့လား..
"ပြေးလေ..နှေးလေ..
ရုန်းလေ..တင်းလေ.."
မင်းအတွက် ကိုယ်ပြောချင်တယ့်စကားလေးပဲ။
ကမ္ဘာမြေအဆုံးပြေးပါစေအုန်း
ကိုယ်ကမင်းအရိပ်...
မင်းအနောက်မှာအမြဲရှိတယ်..
ကိုယ်ဟာ လောကကြီးရဲ့အရာရာ..
မင်းသည်လည်း ကိုယ့်အပိုင်..မာန်မကြွနဲ့ ကိုယ်ကမင်းထက်
မာန်ကြီးတယ်...
ကိုယ့်အရှိန်အဝါတွေမြင်ရင်..
မင်း,ကျိုးနွံစေဖို့ကိုဆောင်ယူလိမ့်မယ်.။တစ်သက်တာယုံနိုင်တယ်..
တစ်ဘဝစာသာပေးအပ်လိုက်စမ်းပါ..
သံသရာအဆုံး အနောက်ကနေ
လိုက်ခယနေပေးမှာ...။PARK JIMIN
နူးညံ့ခဲ့ဖူးသည်ဆိုသော်လည်း
ယခုတော့ ရက်စက်ခြင်းတို့ရဲ့အရှင်..
စေလိုရာထိန်းချုပ်နိုင်တဲ့ အာဏာစက်တွေဟာ
ယခုတော့ သူလက်ထဲကလက္ခဏာတွေသဖွယ်မင်းတမ်းတလိုက်တဲ့ လွတ်မြောက်မှု..
ငါပေးမလျှင် ရမည်မဟုတ်..
အဘယ်ကြောင့်နည်း..?
မင်းက ငါ့လက်ထဲက အရုပ်လေးတစ်ရုပ်
ငါ့ရဲ့ မမြင်နိုင်တဲ့ မှန်ဘောင်ထဲက
အရုပ်လေးတစ်ရုပ်မို့ ငါကိုယ်တိုင်သာ
စွန့်ပစ်ခဲ့မှ မင်းရဲ့လွတ်မြောက်မှုဟာ
ရရှိလိမ့်မည်..အတ္တကြီးတယ်
လို့ပြောမလား..ပြောလိုက်စမ်း..
ငါဟာ ပြောင်းလဲမှုစကတည်းက
ငါသည် ငါ့အတ္တရဲ့စေစားရာဖြစ်ခဲ့သည်ပဲ။သံသရာတစ်လျှောက် ကမ္ဘာမကြေ
အမုန်းတွေနဲ့ မုန်းလိုက်စမ်းပါ
ငါသည်လည်းမင်းအပေါ်ကို
သံသရာတစ်လျှောက်
အတ္တတွေကြီးစိုးထားလိုက်မှာ...။KIM TAEHYUNG
ခံစားချက်တွေမည်မျှပြောင်းလဲပါစေ
အမုန်းတရားတို့သည်
ကမ္ဘာတည်ပြီးရှိနေအုန်းမည်။
ချုပ်ကိုင်သူမဖြစ်ချင်တယ့်အတွက်
နယ်ရုပ်တစ်ရုပ်လည်း မဟုတ်ပါ။
သိထားရဖို့က တစ်ခုတည်းအချိန်စက်ဝန်းတွေ
ဘယ်လောက်ပဲပြောင်းပြောင်း..
ဘယ်နှကမ္ဘာပင်တိုင်ပါစေအုန်း..
ဒီဘဝမှာ လွတ်မြောက်ခွင့်မပေးရင်
ကျုပ်ရဲ့ ရာသက်ပန်အမုန်းတို့က
ခင်များထံမှာပဲ
ဖြစ်တည်လိမ့်မယ်..။
YOU ARE READING
Scarlet Roses In Violence
FanfictionV-Min-Kook [Unicode×Zawgyi] ရုန့်ရင်းကြမ်းတမ်းမှုကြားမှ ကြက်သွေးရောင် နှင်းဆီ... ခက်ထန်ကြမ်းတမ်းမှုကြားမှ ချစ်ခြင်းတရား ။ 8/8/2020(3/2/2022)-19122020