2.3K 275 10
                                    

အပိုင်း(၈)
Zawgyi

သူကျွေးနေတယ့် ဆန်ပြုတ်လေးကို ဖြည်း
ဖြည်းချင်း စားနေတယ့်Taehyungကို
ကြည့်ပြီး Seokjinမျက်ရည်ဝဲမိသည်။

ငယ်ငယ်ကတည်းက ဂရုတစိုက်ရှိပြီး
စောင့်ရှောက်လာခဲ့တဲ့ သွေးမတော်တဲ့
ညီငယ်လေးမို့ အခုလိုဖြစ်နေတာကို
သူမကြည့်ရက်...

Kim NamJoon,Kim SeokJin,
Kim Taehyung...

ငယ်ငယ်ကတည်းက
ဘယ်လောက်တောင်မှအတွဲညီခဲ့တယ့်
Kimတို့သုံးယောက်လဲ..

သူတို့ စတင် ကွဲကွာကြတာ ParkJimin
ဟာ Kim Taehyungရဲ့သူငယ်ချင်းဖြစ်
လာတဲ့အချိန်ကနေစလို့ပေါ့..။

Kim NamJoonဟာ ParkJiminကို
တိတ်တခိုး သဘောကျနေမှန်း သူသိခဲ့ရသည်။
ဖွင့်ပြောဖို့ သူတိုက်တွန်းခဲ့သော်လည်း
NamJoonသည် အမြဲငြင်းဆန်ခဲ့သည်။

မဝံ့ရဲလို့ ဟု သူထင်ခဲ့ပေမယ့် နောက်မှ
သူသိလိုက်ရတာက ParkJiminက
Kim Taehyungကို ချစ်နေလို့
NamJoonကနောက်ဆုတ်နေခဲ့မှန်း။

ဘယ်တုန်းက သူသိလိုက်ရတာလဲ...
Kim Taehyungနဲ့Park Jimin
စေ့စပ်တုန်းကပေါ့..။

အဲ့မတိုင်ခင်နေ့က Taehyungသည်းကြီး
ထန်ထန်ငိုကြွေးခဲ့တာကိုသူသိသည်။
သူ့ရှေ့မှာပဲ Taehyung ပဲ့ကြွေမတတ်
ပြိုလဲနေခဲ့တာ...။

မိဘချင်း သဘောတူထားပြီးသားဖြစ်သည်
မို့ Taehyungဟာ နောက်ဆုတ်မရ..။
ထိုနေ့က အားလုံး အပြုံးပန်းတွေ ဝေဆာ
မတတ်ရှိနေခဲ့ကြသော်လည်း...
Taehyungကတော့ ညှိုးနွမ်းလျက်။

ကိုရီးယားတစ်ခွင်အောင်မြင်နေတဲ့လုပ်ငန်းစု
ရဲ့ သားနဲ့ မကြာခင် လျှမ်းလျှမ်းတောက်
ဖြစ်လာမယ်လို့ သိထားရတဲ့ သူ
နှစ်ယောက်ပေါင်းစည်းခြင်းက တကယ့်ကို
အာဏာပြင်းပြလာစေမှာမို့ မိဘများက
အသာတကြည်လက်ခံပေးခဲ့သည်။

နောက်၁နှစ်အကြာမှာ Taehyungနဲ့
Jimin ဘာဖြစ်ခဲ့ကြလဲ သူမသိ...
Shockရစရာကိစ္စတစ်ခုကတော့
ဖြစ်ခဲ့တယ်။

Taehyungနဲ့အမည်မသိသူတစ်ယောက်
ရဲ့ မကောင်းတဲ့ videoက လိုင်းပေါ်ကို
လုံးဝပျံ့နှံ့သွားခဲ့ခြင်း..။

Scarlet Roses In Violence Where stories live. Discover now