2.9K 313 15
                                    

အပိုင်း(၄)
Zawgyi

"Hoseok hyungတော့ စိတ်ပူနေတော့
မှာပဲ..."

တိုးတိုးလေး ရေရွတ်လိုက်သည့်Jungkook

အခုJungKookလက်မောင်းထက်မှာ
Jiminကအိပ်ပျော်နေပြီ။

JiminကိုJungkookကြည့်လိုက်တယ်....
အမှန်တိုင်းဆိုရရင်တော့ Jiminက
သူ့အကိုအရင်းမဟုတ်....

သူ့အသက် ၁၂ပြည့်တယ့်နေ့က...

သူအမြဲဆုတောင်းခဲ့ဖူးတယ်
သူ့မာအဖေမရှိတယ့်အတွက်...
သူ့အကိုတစ်ယောက်ရနိုင်ဖို့...

အဲ့နေ့ကဆုတောင်းပြည့်ခဲ့တာပေါ့...။

သွေးတွေစီးကျနေတယ့် အကိုကြီးတစ်ယောက်
သူတို့ရဲ့အိမ်လေးရှေ့မှာ လဲကျနေခဲ့တယ်။

သူကအဲ့နေ့က အမေ့ကို စိတ်ကောက်နေခဲ့တာ
မွေးနေ့မှာတောင်းတယ့် လက်ဆောင်
ကိုမပေးလို့.../
သူ့ကိုအမေကပြောသည်..

"သားရယ် သားအတွက် ဘယ်လိုလုပ်
အကို မွေးပေးလို့ရမှာလဲ..လိုချင်ရင်တောင်
ညီလေးပဲ ရမာပေါ့.."

အဲ့ဒီလိုနဲ့ပဲ ထို အကိုကြီးကို သူတို့
ကယ်တင်ခဲ့တယ်..။

အကိုကြီး သတိပြန်ရလာတော့...
"Jimin"ဆိုတယ့် နာမည်ကလွဲပြီး
ဘာမှသတိမရခဲ့..။
ထို့ကြောင့် သူတို့ဆီမှာပဲ ခိုလှုံခွင့်ပေးခဲ့သည်။

ကလေးလေးတစ်ယောက်လိုဖြစ်နေပေမယ့်
အနည်းဆုံးတော့ သူ အကိုကြီးတစ်ယောက်
ရလိုက်တာမို့ သိပ်ပျော်ခဲ့ပါသည်။

သူ့အသက် ၁၈နှစ်ပြည့်ပြီးသိပ်မကြာခင်မှာပင်
အမေက အလုပ်ပင်ပန်းတယ့်ဒဏ်တွေနဲ့
ဆုံးပါးသွားခဲ့တယ်...။

ဒီတော့အကိုကြီးကိုစောင့်ရှောက်ဖို့ရန်က
သူ့တာဝန်ဖြစ်ခဲ့ပြီမို့...တက္ကသိုလ်ဆက်
မတက်တော့ဘဲ သူအလုပ်ထွက်လုပ်ကာ
စီးပွားရှာခဲ့ရတော့တယ်...။

ဒါပေမယ့်...
သူငယ်ငယ်ကတည်းက အိမ်နီးနားချင်း
ဖြစ်တယ့် Hoseok hyungကလည်း
အများကြီးကူညီပေးခဲ့လို့ သူပထမနှစ်နဲ့
ဒုတိယနှစ်ကိုခက်ခက်ခဲခဲအောင်ခဲ့တယ်။

Hoseok hyungအိမ်မှာ Jimin Hyung
ကို အမြဲအပ်ခဲ့ပြီး သူကတော့ အချိန်ပိုင်း
အလုပ်တွေကို စုံနေအောင်လုပ်ခဲ့တယ်။

Scarlet Roses In Violence Where stories live. Discover now