Epilogue

6.3K 332 40
                                    

ဇာတ်သိမ်းပိုင်း
Zawgyi

....ပြသာနာများဖြစ်ပွားပြီး ၂ပတ်အကြာ....

"Jungkook!...Hoseokဘယ်မှာလဲ.."

"သူ..ဟိုရှေ့က ခုံတန်းလေးမှာSeokJin
Hyung...."

"ဟမ်..?"

JungKookက သူ့ကို Hyungလို့ခေါ်တယ်
ထူးဆန်းလိုက်တာ...

"ကျေးဇူးပဲ..."

"Hyung....သူ..က Hyungကိုသိပ်ချစ်တာ
ပါ..."

ခေါင်းကို လေးနက်စွာ ငြိမ့်ပြရင်း ပြေးထွက်
သွားသည်။

အိမ်လေးထဲကို WheelChairလေးကို
ဖြေးညှင်းစွာ တွန်းရင်း ဝင်လာခဲ့သည်။

နောက်တစ်ပတ်ဆို Kim Taehyungရဲ့
တရားခွင်စပြီ..။
ထောင်ကျဖို့က သေချာပေမယ့်....
Kim Taehyungကြည့်ရတာ ပုံမှန်မဟုတ်။

ဘာတွေပဲဖြစ်လာလာ ထို့သူ့ကို ဒဏ်ခတ်
ပေးဖို့တော့ ကောင်းကင်ဘုံကို တောင်းဆို
မိသည်။

...........ခြောက်လကြာသော်.......

"NamJoon Hyungက ရောက်တာကြာ
ပြီလား..."

"သိပ်တော့မကြာသေးပါဘူး..."

"ကျွန်တော့်ဆီ တကူးတက ဘာကြောင့်
လာတွေ့ရတာလဲ..."

တကူးတက..အင်း တကူးတကပေါ့...
မြို့နဲ့အဝေးက လယ်ကွင်းနားကအိမ်ကို
နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်က
လာတွေ့တယ်ဆိုတော့ တကူးတကပေါ့..။

"မင်း....Taehyungကို တခေါက်လောက်
လာတွေ့ပေးပါ-"

"ကျွန်တော်ငြင်းပါတယ်..ထပ်ပြောစရာမရှိ
ရင် ပြန်လို့ရပါပြီ..ကောင်းကောင်းဧည့်မခံနိုင်
တဲ့အတွက်တော့ အားနာပါတယ်.."

"ကျေးဇူးပြု့ပြီး JungKook...သူ...မင်းကို
တချိန်လုံး..ဒီခြောက်လလုံးလုံး အော်ခေါ်နေ
ခဲ့တာ..မင်းကို ပြောစရာရှိတယ်တဲ့..ငါတို့
ဘယ်လိုမေးမေး မရခဲ့ဘူး...JungKook.."

"ကျွန်တော့်ဘက်က လိုက်ခဲ့ပေးရမယ်...
သူနဲ့ထိုက်တန်လို့လား...!!ဘဝတစ်ခုလုံး
ကို စုတ်ပြတ်သတ်နေအောင် ဖျက်ဆီးခံခဲ့
ရတာနော်...စာရွက်လေးတစ်ရွက် ဆုတ်ဖြဲ
ခံခဲ့ရတာမဟုတ်ဘူး.."

Scarlet Roses In Violence Where stories live. Discover now