2.6K 291 26
                                    

အပိုင်း(၆)
Zawgyi

"အဲ့တော့ Kim TaehyungကParkJimin
ဆိုတယ့်သူဆီမှာ အကျပ်ကိုင်ခံခဲ့ရတာပေါ့..
Park Jiminကဘာနဲ့အကျပ်ကိုင်ခဲ့တာလဲ"

"အဲ့တာကို အခုထိ ငါမသိရသေးဘူး..
KimTaehyungကို သူဘာနဲ့ထိန်းချုပ်ခဲ့လဲ
ဆိုတာ..."

"ခင်များက အကျပ်ကိုင်ခံရတာကိုကျ
သိပြီး ဘာနဲ့လုပ်လဲဆိုတာတော့ ဘာလို့
မသိလဲ..ဒါဟာ မဖြစ်နိုင်ဘူး.."

"ငါ့ကို သူကအကိုတစ်ယောက်အနေနဲ့
ရင်ဖွင့်ခဲ့ဖူးလို့ ငါသိခဲ့ရတာ...ParkJimin
က Kim Taehyungကို တော်တော်လေး
ချစ်ပြီးရူးသွပ်တာကိုးး..."

"Park Jiminကိုတွေ့လို့ရနိုင်မလား.."

"မရတော့ဘူး သူက သေသွားခဲ့ပြီ...
လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းကပေါ့.."

"ကျွန်တော်ပြောရဲတယ်..သူကအသတ်
ခံရတာမလား.."

"သိပ်ဟုတ်တယ်..မင်းဘယ်လိုလုပ်မှန်းနိုင်
ရတာလဲ.."

"Kim Taehyungလက်ချက်လို့ပြောရင်
လည်း ကျွန်တော့်အလွန်ဖြစ်မလား.."

"Hk..သိပ်ဟုတ်တာပေါ့ Kim Taehyung
က Park Jiminကိုသတ်ခဲ့တာ..ကားနဲ့
တိုက်သတ်ခဲ့တာ..."

"သက်သေတွေများရှိသေးရင် ရအောင်ရှာပြီး
Kim Taehyungကိုထောင်ချပစ်မှာ.."

"အရမ်းစိတ်မကြီးပါနဲ့အုန်းJungKookရ..
Kim Taehyungက နည်းနည်းအကွက်
စေ့ခဲ့တာ..Park Jiminဟာ ကားတိုက်
ခံရပြီး သေဆုံးတယ်..အမှုဖွင့်ခဲ့တယ်...
တခြားသူကထောင်ကျခဲ့တယ်.."

"သိပ်ကို ဝမ်းနည်းစရာပဲ..ပြီးတော့
သူတစ်ပါးအပေါ်ကိုလည်း ဘယ်လိုတောင်
စာနာစိတ်မရှိ လွှဲချရဲတာလဲ.."

"ငါ Kim Taehyungကို မကျေနပ်တာ
ရှိတယ်သိလား Jungkook.."

"ခင်များ အခုဒီအကြောင်းတွေကို ကျွန်တော့်
ကိုလာပြောနေကတည်းက ခင်များဟာ ခင်များ
ညီအပေါ်ကို မကျေနပ်ဖူးဆိုတာ ထင်ရှားပါ
တယ်.."

"ငါ သိပ်ချစ်ခဲ့တယ့် ParkJiminက
Kim Taehyungကို သိပ်ရူးသွပ်တော့
ငါ့ခြေလှမ်းတွေကို လာရာအတိုင်းလှည့်
ပြန်ခဲ့တယ်..အဲ့ဒါတွေက Kim Taehyung
က Park Jiminကို သတ်ပစ်ခဲ့ဖို့မှမဟုတ်
ခဲ့တာ...ပြီးတော့ အဲ့ကနေ့က အကြောင်း
တစ်ခုကြောင့်ငါ့မိဘတွေ Kim Taehyung
ကို အော်ငေါက်ခဲ့တယ်..အဲ့ကနေ့မှာပဲ
ငါ့သိပ်ချစ်ရတယ့် ငါ့အမေနှလုံးရပ်ပြီး
ဆုံးသွားရှာတယ်..ပြန်ပြင်မရတယ့် အမှား
တွေက Kim Taehyungဆီကနေ စခဲ့တာ
ပဲ..."

Scarlet Roses In Violence Where stories live. Discover now