အပိုင်း(၉)
Zawgyi"Jin Hyung..."
"Taehyung..မလာစဖူး ငါ့ဆေးရုံတောင်
လာနေပါလား..""ဒီတိုင်းပါပဲ..Companyနဲ့အိမ်ချည်းပဲ
ဖြစ်နေတော့ နည်းနည်းလေး စကားလေး
ဘာလေးပြောချင်လို့ပါ..."ဒီအရာက အကြောင်းပြချက်ကောင်းတစ်ခု
ပေမယ့် သိနေပြီးသား သူအတွက်ကတော့
Park Jiminကြောင့်ဆိုတာ သိတယ်။"ဆိုပါအုန်း..ဘာတွေ ပြောချင်လို့လဲ.."
Taehyungက နွမ်းနွမ်းလျလျလေးပြုံးသည်။
"ကျွန်တော် အရာအားလုံးကို လက်လွှတ်
လိုက်ချင်ပြီ..ပြီးရင် အဝေးဆုံးကို တစ်ကိုယ်
တည်းထွက်သွားချင်တယ်..""Taehyung!"
"ကျွန်တော် JungKookကိုလည်း
လက်လွှတ်ပေးလိုက်တော့မယ်..
ပြီးရင်လည်း ParkJiminကိုလည်း
ထားခဲ့လိုက်တော့မယ်...Joon Hyung
ကိုလည်း အမုန်းတွေဖျောက်ပေးလိုက်
မယ်..""Taehyung..မင်းဘယ်လိုလုပ်အခုလို
တွေ ပြောနေရတာလဲ..မင်းကိုချစ်တဲ့သူ
တွေကို မင်းမတွေးတော့ဘူးလား..""တွေးပေးရတာများလွန်းလို့ ကျွန်တော်
နာကျင်နေပြီ..."အတ္တကြီးသယောင်ယောင်ပေမယ့်
တကယ်တမ်းကျ သူသည်လည်း တပါးသူ
အတွက် အများကြီး တွေးပေးခဲ့ရဖူးတယ်။"Taehyung-ah အဓိပ္ပါယ်မဲ့တဲ့လုပ်ရပ်
တွေကို လုပ်ဖို့ မကြိုးစားပါနဲ့...""ကျွန်တော်မသိတော့ဘူး..ကျွန်တော်
လွတ်မြောက်ချင်နေပြီ..မနေချင်တဲ့သူကို
လည်း မထိန်းချုပ်ချင်တော့သလို..ကိုယ်
တိုင်လည်း လွတ်လပ်ချင်လှပြီ..""Taehyungရယ်...."
Taehyung မငိုတော့ပါ...
မှိုင်တွေပြီး ငေးမောနေခဲ့တာ...
သူလည်း ပင်ပန်းတာတွေ..များနေပြီလေ။Taehyungအိမ်ပြန်ရောက်တော့...
ပုံမှန်အတိုင်းပဲ တိတ်ဆိတ်နေသည်။
ထွေထွေထူးထူးလည်း စိတ်ပူမနေချင်..
မကြာခင်လည်း အကုန်လုံးကလွတ်မြောက်
တော့မို့....
YOU ARE READING
Scarlet Roses In Violence
FanfictionV-Min-Kook [Unicode×Zawgyi] ရုန့်ရင်းကြမ်းတမ်းမှုကြားမှ ကြက်သွေးရောင် နှင်းဆီ... ခက်ထန်ကြမ်းတမ်းမှုကြားမှ ချစ်ခြင်းတရား ။ 8/8/2020(3/2/2022)-19122020