5.5K 437 28
                                    

အပိုင်း(၂)
Zawgyi

ကုတင်ဖြူ ဖြူ ထက် မေ့မျောနေသော
ကောင်လေးအား အကြောင်းမဲ့
စိုက်ကြည့်နေသည်။လက်မောင်းနှင့်
ပေါင်တံတို့တွင် ပတ်တီးဖွေးဖွေးတို့က
နေရာယူထားသည်။

မနေချင်သည့်သူအား အတင်းကျပ် ဘေးနား
ရှိစေရခြင်းသည် သိပ်ကိုပင်ပန်းလှသည်။
ဘယ်အချိန်များ ထွက်ပြေးသွားမလဲ....
အမြဲတမ်း စိုးရိမ်စိတ်တို့ဖြင့် အိပ်မပျော်ခဲ့ရ
တယ့် ညတွေ..ကုမ္ပဏီအကြီးကြီးကို
ဦးဆောင်နေရတယ့်အပြင် ထိုပင်ပန်းမှုတို့က
ပါ ထိုးနှက်လာခဲ့တော့ သူ့ခင်မျာ ဒေါသကြီး
ရက်စက်တတ်တယ့် သူကြီးအဖြစ်
ပြောင်းမှန်းမသိ ပြောင်းလဲခဲ့ရပြီ။
တနည်းအားဖြင့် လူယုတ်မာတစ်ယောက်
ဖြစ်ခဲ့ရသည်ပေါ့..။

နူးညံ့ဖြူ စင်မှုတို့သည်လည်း
လွန်ခဲ့သော အချိန်တစ်ခုကတည်းက
ကြေမွပျက်စီးသွားခဲ့ပြီမဟုတ်လား..။
ေ-ာက်ကျိုးနည်းအောင် နင်းချေခံခဲ့ရတယ့်
အရှုံးသမားကင်ထယ်ယောင်း...။

တစ်ချက်တော့ သူ,ParkJimin
ကို ကိုယ်ချင်းစာမိသည်..သူ,JungKook
ကို မထွက်သွားနိုင်အောင် ခြိမ်းခြောက်
အကျပ်ကိုင်ရသည့်အခါမျိုးတွင်ပေါ့..။

လူတိုင်း ချစ်ရသူကို ဘေးနားမှာထားချင်
ပေမယ့် ထိုသူကမနေချင်တယ့်အခါ
မရရတယ့်နည်းနဲ့ ချုပ်ထားမိတယ်..။
ချုပ်ထားခံရတယ့်သူရဲ့ ခံစားချက်ကို
သူသိပ်သိပေမယ့်လည်း သူJungKook
ကိုလက်မလွှတ်နိုင်လွန်းလို့...
သူဆက်ရူးမိုက်နေတာ....။

သူသိပ်သိတာပေါ့..JungKookရင်ထဲ
ဖြစ်နေတယ့် ခံစားချက်တွေ..ခံပြင်းမှုတွေ..။
ထိုအရာအားလုံးက အရင်က အရှုံးသမား
ကင်ထယ်ယောင်းရဲ့ ရင်တွင်းခံပြင်းမှု
တွေနဲ့ တထပ်တည်းပင် ဖြစ်နေခဲ့တာမှန်း
သူသိတာပေါ့...။

တစ်ချိန် အချုပ်အနှောင်ခံ,သူလေးသည်လည်း
ယခုတော့ ချုပ်ကိုင်သူ တစ်ယောက်ဖြစ်နေခဲ့
သည်။

********************
"NamJoon..."

အရက်ခွက်အားစိတ်ဝင်စားစွာ စိုက်ကြည့်နေ
သော NamJoonသည် သူ့ကိုလှည့်ကြည့်
လာသည်..။"ဘာလဲ"ဆိုတယ့်သဘောဖြင့်
မေးငေါ့ပြတော့...

Scarlet Roses In Violence Where stories live. Discover now