2

6.9K 640 65
                                    

"ထယ်ယောင်း တံခါးလာဖွင့်ပေးအုံး”

နှစ်ခြိုက်စွာအိပ်မောကျနေပြီဖြစ်သော ထယ်ယောင်းသည် အိမ်ရှေ့မှတံခါးထုသံနှင့်အတူသူ့နာမည်ကိုပါ ခေါ်နေတာကြောင့်လန့်နိုးသွားမိသည်.........အိပ်ချင်မူးတူးဖြင့် ဆင်းကြည့်လိုက်တော့ တံခါးရှေ့မှာ မူးရူးနေသော ဂျောင်ကုကိုတွေ့လိုက်ရသည်.......သူသက်ပြင်းသာတစ်ချက်ချလိုက်ပြီး တံခါးဖွင့်ပေးလိုက်သည်.........

"ဂျောင်ကု မင်းအခန်းထဲထိတော့ ကိုယ့်ဘာသာသွားလို့ရတယ်မလား”

သူစကားဆုံးတော့ ရီဝေဝေအကြည့်စူးများသည် ထယ်ယောင်းပေါ်ကျရောက်သည်........

"ထယ်ယောင်း မင်းငါ့ကိုချစ်နေတယ်မလား ဟမ်”

မေးခွန်းဆုံးတော့ ထယ်ယောင်းလန့်သွားမိသည်.......သို့သော်လည်း ထယ်ယောင်းတိတ်တဆိတ်သာငြိမ်နေလိုက်သည်......တိတ်ဆိတ်ငြိမ်သက်ခြင်းက အမှန်ကိုဝန်ခံခြင်းတဲ့......ဒါကလည်း အမှန်တရားတစ်ခုပဲမို့...........

"ငါကတော့မင်းကိုလုံးဝမချစ်ဘူး ငါချစ်တာ ဂျီမင်တစ်ယောက်ပဲရှိတယ်”

ခဏကြာတော့မှ ဂျောင်ကုဆီက အသံတစ်ချို့ထွက်လာသည်.......သူတိတ်ဆိတ်ခြင်းကို ဂျောင်ကုသဘောပေါက်သည်ထင်ပါတယ်.......

"Omm ငါသိတယ်”

ပြောပြီးသားတာနဲ့ ထယ်ယောင်းလှည့်ထွက်ရန်ပြင်လိုက်သည်........မျကိရည်တို့တော့မကျမိပါဘူး သူကသရုပ်​ဆောင်တော်သည်လေ.........

"ခဏနေအုံး”

လှည့်ထွက်ရန်ပြင်နေသော ထယ်ယောင်းလက်ကိုလှဲဆွဲထားသော ဂျောင်ကုကြောင့် ထယ်ယောင်းငြိမ်သက်နေမိလိုက်သည်........

"မင်းအရမ်းမူးနေပြီ သွားနားရင်နားတော့”

"ငါ့အခန်းဘယ်မှာလဲ ငါ့အခန်းကိုလိုက်ပို့”

ထယ်ယောင်းသက်ပြင်းသာတစ်ချက်ချလိုက်ပြီး ယိုင်နဲ့နေသော ဂျောင်ကုခန္ဓာကိုယ်ကြီးကိုမနည်းထိန်းကာ ဂျောင်ကုအခန်းထဲကိုသာ ခေါ်လာလိုက်သည်........ကုတင်ပေါ်ကို တင်ပေးပြီး ထယ်ယောင်းကိုယ့်အခန်းကိုသာကိုယ်ပြန်ရင် မတ်တပ်ရပ်လိုက်သည်........

Lost Love(LL) (Complete)Where stories live. Discover now