12

6.6K 554 44
                                    

အချိန်တွေကုန်လွန်သွားတာအခုဆိုရင် သူကလေးလေးမွေးဖို့နီးကပ်နေပြီ Companyမသွားတာလည်း8လကျော်လောက်ရှိပြီ ယွန်းဂီhyungပြန်ပြောပြသောကြောင့် ဂျီမင်ကသူ့ကိုမေးနေတယ်ဆိုတာကိုသူသိခဲ့ရပါသည် သို့သော် အခုချိန်မှာသူဘယ်သူနဲ့မှမတွေ့ချင်သေးပေ.......

တီ.....

အိမ်ရှေ့ကကားဟွန်းတီးသံကြောင့်ထယ်ယောင်းအပြေးထွက်ကြိုလိုက်သည်......

"Hyung ပြန်လာပြီလား”

​ပြောလည်းပြော ယွန်းဂီhyungအိတ်ကိုဆွဲယူလိုက်သည်.....ဒါကလည်းသူအလုပ်မသွားတော့ထဲကယွန်းဂီကိုအမြဲလုပ်ပေးနေကြအပြုအမူတစ်ခု.........

"ဘာလို့ပြေးထွက်လာရတာလဲ ဖြေးဖြေးလာလည်းရတာကို”

ဆူသလိုပြောလာတာလည်းမဟုတ်ပေမယ့် အခုချိန်ကဝမ်းနည်းလွယ်တာကြောင့်
ဝဲတက်လာသော မျက်ရည်ကိုယွန်းဂီမမြင်စေရန်ခေါင်းကိုငုံချလိုက်ရသည်......

"Jungkook လာလေ”

ယွန်းဂီ hyungရဲ့အသံကြားမှ သူအံသြတကြီးမော့ကြည့်မိသည်.......အခုသူ့ရှေ့မှာသူလိုပဲအံသြပြီး ကြည့်နေသည့်လူသားက ဒီဗိုက်ထဲက ကလေးလေးရဲ့ပိုင်ရှင်တဲ့လား....

ဆံပင်ကိုအနည်းငယ်သပ်တင်ထားပြီး undercutကလူကိုပိုပြီးဆွဲဆောင်ထားသယောင်.......အနက်ရောင်suitအပြည့်နှင့် ထိုသူသည်အရင်အတိုင်းကြည့်ကောင်းနေစဲပင်.....

"Hyung ဂျောင်ကုကဘယ်လို”

သူမျှော်လင့်ချက်များစွာနဲ့မေးမိလိုက်သည်.......

"အလုပ်ကိစ္စနဲ့လေ companyမှာကျ အဆင်မပြေလို့ ဒီကိုခေါ်လာလိုက်တာ”

"အော်”

ယွန်းဂီစကားဆုံးတော့ သူမျှော်လင့်ချက်တွေ ပျောက်ဆုံးသွားရပြန်သည်......အမှတ်မရှိတဲ့ကိုယ့်ကိုကိုယ်ပဲအပြစ်တင်မိလိုက်သည်.......

"အားးးး shit စာရွက်စာတမ်းတွေကcompanyမှာကျန်ခဲ့ပြန်ပြီ”

ယွန်းဂီရဲ့အသံကြောင့် ထယ်ယောင်းလည်းအံသြသွားမိသည်......အလုပ်ကိစ္စနှင့်ပက်သက်လျှင် တစ်ခါမှအိမ်ကိုခေါ်မလာသလို အခုလိုစာရွက်စာတမ်းမေ့ဖို့ဆိုတာဝေးလာဝေးပင်.......

Lost Love(LL) (Complete)Where stories live. Discover now