10

6.6K 533 27
                                    

"ဗျာ”

မထင်မှတ်ထားသောအခြေအနေတစ်ခုကို သူမယုံကြည်နိုင်သေး ဟင့်အင်း ယုံကြည်ဖို့ခက်ခဲနေတာ.........

"ဆရာ ကျွန်တော်က ယောကျာ်းလေးတစ်ယောက်နော်”

တုန်ရီနေသောစကားသံတို့က မည်မျှထိတ်လန့်နေကြောင်းထင်ရှားနေသည်....

"အွန်း ခင်ဗျားကယောကျာ်းလေးဆိုတာကျွန်တော်သိပါတယ်”

ဆရာဝန်ပြောနေသောစကားတို့အား သူနားမလည်ချင်တော့....

"ကျွန်တော်ယောကျာ်းလေးမှန်းသိရက်နဲ့အဲ့ကိုယ်ဝန်က ဘယ်ကရမှာလဲ”

ငိုချင်နေသောစိတ်တို့ကဒေါသအဖြစ်ပြောင်းလဲစပြုလာသည်.....ပတ်ဝနိးကျငိရဲ့အမြင် ဖိနှိပ်ကျမယ့်စကားလုံးတွေ အဆုိးဆုံးကယောကျာ်းလေးတစ်ယောက်ဖြစိရက်နဲ့ကိုယ်ဝန်ရနေပြီတဲ့......

"ထယ်ယောင်းက နဂိုတည်းက သားအိမ်ပါတယ်ထင်တယ် ဒီဖြစ်စဥ်ကတော်တော်ကိုရှားပါးလွန်းတယ် လူတစ်ရာမှာတစ်ယောက်လောက်တောင်မဖြစ်နိုင်ဘူးလေ”

မယုံနိုင်လွန်းသောစိတ်တို့ကအမှန်တရားကိုတော့မလွန်ဆန်နိုင်တော့.......ဒီအကြောင်းအရာကို အမေတို့သိနေတာများလား.....ဒါကြောင့် ဂျောင်ကုနဲ့လက်ထပ်ချင်တယ်ပြောတုန်းကမကန့်ကွပ်တဲ့အပြင် ဘေးနားကနေကိုsupportပေးနေတာလား.....ပြီးတော့လတစ်လကုန်တိုင်းသွေးအနည်းငယ်ထွက်ခဲ့ပေမယ့် နည်းနည်းလေးမို့သူဒီတိုင်းသာအမှတ်တမဲ့နေလိုက်သည်.အမေကိုပြောပြတော့ ဘာမှမဖြစ်ဘူးသာပြောခဲ့သည်လေ.....အပိုအလိုမရှိသောမျကိရည်စလေးတွေက မျက်လုံးအိမ်ထဲနေရာယူစပြုလာသည်.......

"ဒါနဲ့မပျော်ကြဘူးလား တစ်ချို့စုံတွဲတွေဆို ကလေးလိုချင်လွန်းလို့ မရရတဲ့နည်းလမ်းတွေနဲ့လုပ်ကြတာ ဥပမာ ဖန်ပြွန်သန္ဓေသားနဲ့ ကိုယ်ဝန်ဆောငိတာတော့ဘာတို့ပေါ့”

တကိကြွနေဟန်ဆရာဝန်က မျက်နှာမကောင်းသော ယွန်းဂီနှင့်ထယ်ယောင်းကိုကြည့်ပြီးစကားစသည်....

"အွန်း ပျော်ပါတယ် ဆရာ”

မျက်နှာထက်ဟန်ဆောင်ပြုံးနေတာလား တကယ်ပြုံးနေတာလားဝေခွဲမရသော အပြုံးတစ်ခုကို ယွန်းဂီဆင်မြန်းရင်းပြောလိုကိသည်.....

Lost Love(LL) (Complete)Where stories live. Discover now