13

6.3K 515 20
                                    

လမ်းတစ်လျှောက်ရှိလူများကထူးဆန်းသလို ကြည့်သွားကြသော်လည်း သူမသိချင်ယောင်သာဆောင်နေလိုက်သည်......ဒါကလည်းဆေးခန်းလာပြနေကြတိုင်းဖြစ်နေကြဖြစ်စဥ်တစ်ရပ်......

"တောက်”

အရှိန်ပြင်းစွာသောတောက် ခေါက်သံနောက် မည်မျှဒေါသထွက်နေကြောင်းထင်ရှားနေသည်... ...

"ထယ်ယောင်း ခဏနေအုံး ငါပြန်လာခဲ့မယ်”

နောက်ပြန်လှည့်ရန် ပြင်နေသောဂျောင်ကုအား ထယ်ယောင်းအမြန်ပင်လှမ်းဆွဲလိုက်ရသည်.......

"ဆေးရုံထဲမှာနော် ဂျောင်ကု”

သူအသိပေးရုံသာပေးပြီးဆွဲထားသောလက်ကိုလွှတ်ချလိုက်သည်.......
ကိုယ့်နာမည်ခေါ်မည့်အလှည့်ကိုထိုင်စောင့်ရင်းနှင့်ပင် သူတို့ကြားတိတ်ဆိတ်နေသည်........

"ကင်မ်ထယ်ယောင်း ဝင်လို့ရပါပြီ”

စာရင်းမရဲ့ခေါ်သံနောက် သူဝင်သွားလိုက်သည်........

"ကလေးကလည်းကျန်းကျန်းမာမာပါပဲ ထယ်ယောင်း”

ဆရာဝန်သည်လူနာရှင်နှင့်မစိမ်းသက်ရန် ဗိုက်စပြထဲက ဖော်ဖော်ရွေရွေပင်ဆက်ဆံသည်......ဒီဆရာဆီမှာပဲ အမြဲဗိုက်လာပြနေရတာဆိုတော့ ဆရာနဲ့လည်းတော်တော်ပင်ရင်းနှီးနေပြီ.......

"ဟုတ် ”

"ဒါနဲ့ ယွန်းဂီကော မပါလာဘူးလား”

ဘေးနားကဂျောင်ကုကိုမေ့နေ၍များ ဤသို့မေးခြင်းလား........

"ဆရာ သူနဲ့သက်ဆိုင်သူကျွန်တော်ပါ ပါတယ်”

ဂျောင်ကုကြားဝင်ပြောတော့မှ လှည့်ကြည့်လာသောမျက်ဝန်းတစ်စုံ........

"အာ ကျွန်တော်တောင်းပန်ပါတယ်ဗျာ ယွန်းဂီနဲ့အမြဲလာနေကျဆိုတော့လေ”

ခေါင်းညိတ်ပြီးရပါတယ်လို့ပြောနေပုံကနည်းနည်းလေးမှအချိုးမပြေ.....ဆရာဝန်ကိုတောင်ဆက်ဆံနေပုံက အပေါ်စီးကနေ......

"ဘယ်နေ့မွေးချင်လဲ ထယ်ယောင်း”

ဗိုက်ခွဲမွေးရမှာဖြစ်တာကြောင့်ရက်ချိမ်းတစ်ခါထဲယူရန်ဆရာဝန်မှမေးနေခြင်းပင်......

Lost Love(LL) (Complete)Where stories live. Discover now