16(Final)

10.3K 570 9
                                    

"Hyungနဲ့ဂျီမင်ကော ဘယ်တော့မဂ်လာဆောင်မှာလဲ ကျွန်တောိသားလေးတောင် သုံးနှစ်ပြည့်တော့မယ်”

ထယ်ယောင်းအမေးအောက်တက်ကြွနေဟန်ဂျီမင်ကိုတွေ့လိုက်ရသည်......

"စောပါသေးတယ် ထယ်ယောင်းရဲ့”

"အဲ့ အဘိုးကြီးကလေ အမြဲအဲ့လိုပဲငါကိုတကယ်ချစ်ရဲ့လားတောငိမသိဘူး”

တဟားဟားနှင့်ရီနေသော ထယ်ယောင်းကိုဂျောင်ကုအတွေးကနေသာ ငေးမောကြည့်နေမိသည်........လွန်ခဲ့သောနှစ်နှစ်က သူတို့ပြန်ပြီးအဆင်ပြေကြတယ် ထယ်ယောင်းက သားလေးကိုသူ့သားမဟုတ်ကြောင်းအတင်းငြင်းနေတာကြောင့်DNAစစ်ကြည့်လိုက်တော့ ငြင်းလိူ့မရတော့......ပြသာနာက သားလေးနှစိနှစ်ပြည့်မှာတင် စတင်ခဲ့တယ်.....

-ယောင်းငယ် ကိုယ်တို့ညနေကျရင် ဆေးခန်းသွားပြရအုံးမှာမလား ယောင်းငယ် သားအိမ်ဖြတ်ထားတဲ့ကိစ္စလေ

ထယ်ယောင်းသည် ယွန်းဂီနှင့်လည်းအတူမနေတော့သလို ဂျောင်ကုအိမ်လည်းသွားမနေခဲ့ပါ.....အမေနဲ့သာတူတူပြန်နေတယ်အဖေကတော့နိုင်ငံခြားကိုပြန်ထွကိသွားသည်.......

ဝင်လာသော messengesကိုဖတ်လိုက်ပြီး သူပြုံးမိသည်.....ဂျောင်ကုသည် သူတို့အိမ်ကိုမကြာမကြာလာလည်သလို ကလေးကိုလည်းဂျောင်ကုအိမ်သို့ခေါ်သွားလေ့ရှိသည်......သို့သော်အခုချိန်ထိ သူတို့ပြန်လည်ပေါင်းသင်းခြင်းမရှိပါ......

-ဟုတယ် ဂျောင်ကု

စာလုံးများtypeလိုက်ပြီးပြန်လည်ပို့လိုက်တော့ချက်ချင်းပြန်ဝင်လာသော messenge

-စောင့်နေနော် ညနေကျရင်အလုပ်ကစောစောပြန်လာပြီး ကိုယ်လာခေါ်မယ်

-ရတယ်ဂျောင်ကု ဆေးရုံမှာပဲစောင့်နေ

-အွန်း အဲ့တာဆိုဆေးရုံမှာပဲ စောင့်နေလိုကိမယ်နော် သားလေးကို အမေ့တိူ့နဲ့သေချာထားခဲ့နော်

-အွန်း

........

အခုလိုတစ်ယောက်တည်းလျှောက်မသွားရတာကြာပြီဖြစ်သောကြောင့် ဆေးရုံသွားမယ့်အချိန်ထက်စောကော ထွက်လာခဲ့သည်......

Lost Love(LL) (Complete)Where stories live. Discover now