5

6.5K 622 28
                                    

အပြာနုရောင်shirtအကျီပြာလေးနှင့် ဒူးပေါ် ရောက်နေသော ဘောင်းဘီတိုလေးကိုဝတ်ဆင်ထားသော ထယ်ယောင်း ချစ်ဖို့ကောင်းနေသလို စွဲဆောင်မူလည်းရှိလွန်းလှသည်............

အလုပ်ပိတ်ရပ်မို့ တော်သေးသည် အနီးအနားရှိ shopတစ်ခုသို့လာကာ စာရွက်လေး တစ်ခုကိုဝင်ဝယ်လိုက်သည်............

"ကွာရှင်းစာချုပ်”

ခေါင်းစဥ်တပ်ထားသော ထိုစာရွက်လေးကတော့ ပျော်ရွှင်မူ ဝမ်းနည်းမူတို့ကိုလျစ်လျူရူထားလျက်..........

အောက်ဆုံးနားလေးမှာသတ်မှတ်ထားသော နေရာလေးနှစ်ခုက လူနှစ်ယောက်ကိုတစ်သက်သာဝေးကွာစေသလိုပင်..........

"ထယ်ယောင်း”

ပန်းခြံထဲတွင်ကွာရှင်းစာချုပ်ကိုတွေတွေလေးငေးကြည့်နေတုန်းခေါ်လာသောအသံကြောင့်လှည့်ကြည့်မိလိုက်သည်........

"အော် hyung”

ကြေ ကွဲနေသောအသံတို့က အက်ရှရှသာ........

"ဘာလုပ်နေတာလဲ အလုပ်ပိတ်ရပ်မနားဘူးလား မနက်ဖြန်ပဲ ခရီးသွားရတော့မယ်”

စကားပြောရင်း အနားလာထိုင်သောယွန်းဂီကြောင့် ထယ်ယောင်းပြုံးရုံသာပြုံးပြလိုက်သည်.........

"ကွာရှင်းစာချုပ် ဘာလုပ်မို့လဲ ထယ်ယောင်း”

ယွန်းဂီမေးသည်ကိုကြားသော်လည်း ထယ်ယောင်းပတ်ဝန်းကျင်ကိုသာ ငေးကြည့်နေသည်.......

သူပျော်ရွှင်ဖို့အတွက် ကျွန်ပ်သည် ရင်နာနာနှင့်နင်းခြေပေးခဲ့ပါသည်........
ကျွန်ပ်ငိုကြွေးနေချိန် သူရီမောနိုင်ပါ၏.......
ကျွန်ပ်ဝမ်းနည်းနေချိန် သူပျော်ရွှင်နေနိုင်၏........
ကျွန်ပ်သေမလောက်ရင်ထဲနာကျင်နေပါစေ သူချစ်ရသူနှင့်အတူသာယာနေနိုင်၏..........

"ထယ်ယောင်း ငါပြောတာကြားရဲ့လား အဲ့တာဘာလုပ်ဖို့လဲ”

နောက်တစ်ကြိမ်ထပ်မေးလာသောယွန်းဂီကြောင့် ထယ်ယောင်းနူတ်ခမ်းပါးခပ်ဟ ဟပွင့်လာသည်.......

"ကွာရှင်းမို့လေ hyung”

"ဘာ”

အာမေဍိတ်သံထွက်လာသော ယွန်းဂီ...... အံသြရင်လည်းအံသြလောက်ပါတယ် လက်ထပ်ထားတာဖြင့် တစ်ပတ်တောင်မပြည့်သေးသော သူတို့၏အိမ်ထောင်ရေးသည် အခုတော့ကွာရှင်းကြတော့မည်တဲ့..........

Lost Love(LL) (Complete)Where stories live. Discover now