"ကြင်ယာတော်လေး...ဒီနေ့အဆောင်တော်ရွှေ့ရမှာနော်"
"ငါသိပါတယ်မိန်လေးရယ်..."
"ကျွန်တော်မျိုးမတို့ကိုလည်းခေါ်သွားမယ်မလားကြင်ယာတော်လေး"
"ခေါ်မှာပေါ့မိန်လေးရယ်...ငါ့မှာနန်းတော်ရောက်ကတည်းကအဖော်ဆိုလို့နင်နဲ့လွေ့ပဲရှိတဲ့ဟာကို...."
"ဟူးတော်ပါသေးရဲ့....မခေါ်ပဲနေမှာစိုးလို့ ...."
"ဟားဟား...ခေါ်မှာပါမိန်လေးရယ်..."
ခုမှအလုံးကြီးကျသွားသည့်နှယ်သက်ပြင်းရှည်ကိုချလိုက်သောမိန့်လေးသည်သူ့အပေါ်တော့တကယ်ကိုခင်တွယ်ပါသည်...တကယ်ကိုသစ္စာရှိတဲ့မောင်နှမပါလေ......
"ဝေါယာဥ်ရောက်ပါပြီကြင်ယာတော်လေး.."
"ဟင်...အင်းအင်းလာပြီ..."
နန်းတော်ရောက်ပြီးကတည်းကအနောက်ဆောင်မှထွက်ရသည့်ပထမဆုံးခြေလှမ်းမို့ယွိလေးတက်ကြွပြီးစိတ်လှုပ်ရှားနေသည်ကိုတော့မလိမ်ချင်ပါ.......ထို့နောက်တည်ငြိမ်တက်ကြွသောခြေလှမ်းလေးဖြင့်ဝေါယာဥ်ထဲသို့ဝင်ထိုင်လိုက်သည်.....
"လှရက်လိုက်တာ"
အားလုံးရဲ့မသိမသာမော်ကြည့်မှုနှင့်အတူစိတ်ထဲမှကောက်ချက်ချလိုက်သံတွေ........အရှင့်နန်းဆောင်ရောက်သည်နှင့်မျက်လုံးလေးကပြူးကျယ်ဝိုင်းစက်ကာပါးစပ်လေးကလည်းမှင်သက်၍ဟလျက်.....
"ပါးစပ်ကိုစိလိုက်စမ်း!"ရုတ်တရက်ထွက်ပေါ်လာသောအရှင့်အသံကြောင့်ကိုယ်ကိုမတ်လိုက်ကာပါးစပ်ကိုလက်ဖြင့်ပိတ်မိသည်.......
အရှင်လည်းမိမိရှေ့ကချစ်စရာကောင်းလှသောကောင်လေးကိုအသည်းယားစွာနှုတ်ခမ်းလေးကွေးရုံမျှပြုံးလိုက်မိ၏.....
"အရှင့်ကိုကြိုဆိုပါတယ်"
"ကြိုဆိုတယ်...မင်းက..ငါ့ကို..."
"ဟို...ကျွန်တော်မျိုးက...ဒီတိုင်း..."
"ထားပါ...ကဲလာ...အထဲသွားမယ်..."
"နာခံလျက်ပါအရှင်...."ယွိလေးရှေ့မှခန့်ညားစွာသွားနေသောအရှင်သည်ခန့်ညားလျက်...အရှင့်၏ကျောပြင်သည်ကျယ်၏...ကျယ်ဝန်းသောကျောပြင်ထက်အဖြူရောင်ဆံနွယ်တို့ကကြည့်လို့ကောင်းလှ၏.........
YOU ARE READING
🤴My King🤴(Completed)