အေးစက်နေတဲ့ရာသီဥတုထဲမှာတစိမ့်စိမ့်နှင့်ကျဆင်းနေသောနှင်းပေါက်ကလေးတွေကဆံပင်နှင့်ခန္ဓာကိုယ်နေရာအနှံ့အပြားတွင်တွဲလဲခိုလျက်......ချမ်းလွန်း၍နှုတ်ခမ်းလေးများပင်ပြာနှမ်းကာခိုက်ခိုက်တုန်နေသည်.....ဒူးထောက်ထားရ၍ခြေပင်မခိုင်ချင်တော့ပြိုလဲချင်လာသည်......ခန္ဓာကိုယ်ထဲရှိသွေးများပင်မစီးဆင်းတော့သလို.......သူဟာဘာအပြစ်များကြီးကြီးမားမားလုပ်ခဲ့မိလို့ပါလဲ.....သူ့အတွက်ဆိုတဲ့အဆောင်ငယ်လေးထဲမှာပဲနေပြီးအရှင်ဆန္ဒရှိရင်အရှင့်လိုအင်ပြည့်ရုံဖြည့်ဆည်းပေးရတဲ့သူ့ဘဝဟာဒီလောက်တောင်အပြစ်ကြီးတယ်လား...နန်းတွင်းစဝင်ကာစကအရှင့်ရဲ့အငယ်ဆုံးကြင်ယာတော်ဟာယောကျာ်းလေးဖြစ်နေတယ်ဆိုပြီးမလိုခဲ့ကြပေမယ့်ထိုအချိန်တုန်းကအရှေ့ကကြင်ယာတော်၃ယောက်ဟာကြင်နာယောင်ဆောင်ခဲ့ကြတာကြောငိ့တော်တော်လေးကိုပျော်ခဲ့ရတယ်....သို့သော်ခုချိန်တွင်တော့ထိုအပျော်လေးဟာဘယ်စီနေလို့ဘယ်လိုအစရှာရမှန်းတောင်မသိတော့....အရှင့်ရဲ့ကြင်နာမှုတစ်စက်မရှိတာတောင်သူတို့မကျေနပ်နိုင်....အရှင်သာယာနေတဲ့ဒီခန္ဓာကိုယ်ကိုသာအပြစ်တွေပုံချလို့...အရှင်အဆောင်တော်လာပြီးတဲ့နေ့တွေဆိုမသေရုံတမယ်ရိုက်နှက်ပြီးနှိပ်စက်ကြသည်.....ခုလည်းပဲဒီလိုပဲပေါ့...ဒီတစ်ခါတော့လက်လျှော့လိုက်ချင်ပြီ.....ဘယ်အချိန်မှရောက်လာမယ်မသိတဲ့အရှင့်ရဲ့ချစ်ခြင်းကိုမျှော်ရတာမောနေပြီ....လက်လျှော့လိုက်ချင်ပြီ.....
ယွိလေးသည်စိတ်ကိုလျှော့ချလိုက်ကာခန္ဓာကိုယ်အစုံသည်မြေပြင်သို့ပစ်ကျသွားတော့သူမျက်လုံးမမှိတ်ခင်မြင်လိုက်ကြားလိုက်ရပါတယ်.....
ကြာပွတ်ကိုကိုင်လျက်ကျွန်ယုတ်ဟုအော်ကာသူ့ဆီလာနေသောကြင်ယာတော်၃ယောက်...နာကျင်မှုကိုလက်ကမ်းကြိုရင်းသာမျက်လုံးတွေကိုမှိတ်ချလိုက်သည်....သို့သော်နာကျင်မှုတွေကသူ့အပေါ်မရောက်လာခဲ့ပါ.........ထို့နောက်သူသည်အမှောင်ကမ္ဘာထဲသို့.........
နွေးထွေးသောအရာ၏ထွေးပွေ့မှုကြောင့်ယွိလေးသည်ထိုအရာကိုပိုလို့ပင်တိုးဖက်ထားမိသည်.....
VOCÊ ESTÁ LENDO
🤴My King🤴(Completed)